ကမာရွတ် ဇူလိုင် ၂၆
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကမာရွတ်မြို့နယ်မှ ယနေ့နံနက်(၈:၀၀)နာရီအချိန်က ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဌာနဆိုင်ရာများက ကျင်းပပြုလုပ်သော လှော်ကားရေဝေရေလဲဒေသ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါသစ်ပင်စိုက်ပျိုးပွဲတော်သို့ ကမာရွတ်မြို့နယ်ခရိုင်အုပ်ချုပ်ရေးမှူးမှ ဦးဆောင်၍ ဗဟန်းမြို့နယ်အုပ်ချုပ်ရေးမှူး မြို့နယ်စည်ပင်ပတ်ဝန်းကျင်ထိန်သိမ်းရေးနှင့် သန်ရှင်းရေးဌာနမှဝန်ထမ်းများ၊ ကမာရွတ်မြို့နယ်ခေတ္တအုပ်ချုပ်ရေးမှူး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဝန်ထမ်းများနှင့် မြို့နယ်စည်ပင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ ဝန်ထမ်းများတက်ရောက်၍ စိုက်ပျိုးခဲ့ကြကြောင်း သတင်းရရှိခဲ့ပါသည်။
စိမ်းလဲ့ (ပြန်ဆက်)