ကွတ်ခိုင်မြို့နယ်အတွင်းရှိ ဘာသာရေးဆိုင်ရာနေရာများတွင် ခြင်အန္တရာယ်ကာကွယ်နှိမ်နှင်းရေးလုပ်ငန်းများ ဆောင်ရွက်

ကွတ်ခိုင် ဇူလိုင် ၂၆

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်ခရိုင်၊ ကွတ်ခိုင်မြို့နယ်၌ မိုးရာသီကာလအတွင်း ခြင်ကြောင့်ဖြစ်တတ်သည့် ကူးစက်ရောဂါများ ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် ယနေ့နံနက်(၀၉:၃၀)အချိန်က မြို့ပေါ်ရပ်ကွက်အသီးသီးရှိ ဘာသာရေးဆိုင်ရာနေရာများတွင် ခြင်နှိမ်နင်းရေးလုပ်ငန်းဖြစ်သည့် ခြင်ဆေးဖြန်းခြင်းလုပ်ငန်း‌ ဆောင်ရွက်ခဲ့‌ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ကွတ်ခိုင်မြို့နယ်စည်ပင်သာယာရေးဌာနနှင့်မီးသတ်ဦးစီးဌာန ဝန်ထမ်းများက မြို့နယ်အတွင်းရှိ ဘာသာရေးဆိုင်ရာအဆောက်အဦးများတွင် ခြင်များ‌အလွယ်တကူ‌ မပေါက်ဖွားနိုင်‌စေရန်အတွက် ခြင်ဆေးအငွေ့မှုတ်ခြင်း၊ ခြင်ခိုအောင်းပေါက်ဖွားမှုမရှိစေရန်နှင့် ခြင်အန္တရာယ်အကြောင်း အသိပညာပေးပြောကြားခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ချစ်မျိုးဦး (ကွတ်ခိုင်)