ကော့ကရိတ်မြို့၌ စားသုံးသူရေးရာအသိပညာပေး Talk Show ပြုလုပ်

ကော့ကရိတ် ဇူလိုင် ၂၆

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ စားသုံးသူရေးရာအသိပညာပေး Talk Show ကို ယနေ့နံနက် ၁၁ နာရီက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

အသိပညာပေး Talk Show ဆွေးနွေးပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်မျိုးဝင်းက ပြည်သူများ စားသုံးသူအကာအကွယ်ပေးရေးနှင့် ပတ်သက်၍ သိရှိလိုသည်များ မေးမြန်းဆွေးနွေးရာ ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးသက်လွင်က ပြည်သူများအနေဖြင့် အစားအသောက်ကုန်ပစ္စည်းများကို လွတ်လပ်စွာဝယ်ယူ သုံးစွဲရေး၊ ဘေးဥပါဒ်မဖြစ်ပေါ်စေရေး၊ စားသုံးရန်သင့်/မသင့်အစားအစာများ သိရှိလိုက်နာရေး အစရှိသည့် အသိပညာပေးဆောင်ရွက်မှုလုပ်ငန်းများ၊ စားသုံးသူများ ကုန်စည်နှင့်ဝန်ဆောင်မှုများကို ဝယ်ယူသုံးစွဲရာတွင် သိရှိထားရမည့်အခွင့်အရေးများ၊ လုပ်ငန်းရှင်များ ထုတ်လုပ်ဖြန့်ဖြူးရောင်းချရာတွင် လိုက်နာရမည့်အချက်များ၊ ဌာနမှ စားသုံးသူဘေးအန္တရာယ်ကင်းရှင်းရေးအတွက် ဈေးကွက်အတွင်း ကွင်းဆင်းစစ်ဆေးဆောင်ရွက်နေမှု အခြေအနေများနှင့် စားသုံးသူအခွင့်အရေးနစ်နာဆုံးရှုံးမှုများရှိခဲ့ပါက တိုင်ကြားနိုင်သည့်နည်းလမ်းများအား အသိပညာပေးပြောကြားခဲ့ကြောင်း သိရှိရသည်။

ခင်မျိုးဝင်း(ခရိုင်ပြန်/ဆက်)