မလှိုင်မြို့နယ် ပြန်/ဆက် ရုံး၌ နံ့သာပန်းခင်း စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပ

မလှိုင် ဇူလိုင် ၂၆

မလှိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် ယမန်နေ့နံနက် ၁၀ နာရီက နံ့သာပန်းခင်း စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ စာဖတ်ဝိုင်းဆွေးနွေးပွဲသို့ Book Club အဖွဲ့ဝင်များနှင့်စာပေဝါသနာရှင်များဖြစ်ကြသော ဦးတင်ဦး (Book Club အဖွဲ့ ဒုတိယဥက္ကဋ္ဌ) ဦးစိုးမြင့် ( စိုးမြင့်ထွန်း-မလှိုင် )၊ ဦးသိန်းကြွယ်၊ ဦးသန်းထိုက်ဦး၊ ဒေါက်တာချမ်းသာဦး၊ ဦးဒိန်း၊  ဦးမြတ်ထွန်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဦးဇော်မင်းနှင့်ဝန်ထမ်းများတက်ရောက်ခဲ့ကြပြီး စာရေးဆရာမင်းဗထူး ရေးသားသော "စဉ်းစားတွေးခေါ်မှုကို ပြောင်းလဲပါ" စာအုပ်ပါ အကြောင်းအရာများကို  ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အောင်ဌေး(မလှိုင်)