ဒဂုံမြောက် ဇူလိုင် ၂၆
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်၌ မြို့နယ် ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက အသက် ၁၈ နှစ်နှင့်အထက် ကာကွယ်ဆေးအကြိမ်ပြည့်ထိုးနှံ ပြီးစီးမှုကာလ ၆ လနှင့်အထက်ရှိသော ပြည်သူများအားထပ်ဆောင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို ဆေးထိုးစုရပ်များတွင် ဆက်လက်ထိုးနှံပေးလျက်ရှိသည်။
ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် အမှတ်(၃၈)ရပ်ကွက် မင်္ဂလာအေးကျောင်းတိုက်၊ အမှတ် (၄၇) ရပ်ကွက် ဓမ္မာရုံ၊ အမှတ် (၅၀) ရပ်ကွက်၊ ဒေသန္တရကျန်းမာရေးဌာန ဆေးထိုးစုရပ်တို့တွင် ဒုတိယအကြိမ် ကာကွယ်ဆေး ထိုးနှံပြီးသူများအား ထပ်ဆောင်း ကာကွယ်ဆေး Booster ထိုးနှံပေးလျက်ရှိရာ ယမန်နေ့က ပြည်သူ (၇၄၉) ဦးတို့အား Myancopharm နှင့် Covishield၊ Covaxin၊ Sinovac ကာကွယ်ဆေးများကို ထိုးနှံပေးခဲ့သည်။
ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် ဇူလိုင် ၂၅ ရက်နေ့အထိ ပထမအကြိမ် ကာကွယ်ဆေးထိုးနှံပြီးသူ (၁၀၇၃၃၄) ဦး၊ ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံပြီးသူ (၈၉၈၆၇) ဦး ကာကွယ်ဆေး ထိုးနှံပြီးဖြစ်ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ သတင်းရသည်။
မြင့်မြင့်ရီ