ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် မြို့နယ်အဆင့်ကျောင်းပြင်ပ မူလတန်းပညာရေးလုပ်ငန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

ဒဂုံတောင် ဇူလိုင် ၂၆

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ်အဆင့်ကျောင်းပြင်ပ မူလတန်းပညာရေးလုပ်ငန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်()နာရီက အ..က()အခြေခံပညာအလယ်တန်းကျောင်း အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် ပညာရေးမှူး ဒေါ်ဥမ္မာကြည်က ကျောင်းပြင်ပ မူလတန်းပညာရေးစနစ်သည် ကောင်းမွန်သော အခြေခံအုတ်မြစ်တစ်ခုဖြစ်သည် ယခုလို ပညာရေးစနစ်ကို ပြန်လည်အကောင်အထည်ဖော်သည့်အတွက်လည်း များစွာဝမ်းသာ မိကြောင်း ဒီအစီအစဉ်လေးကနေတစ်ဆင့် ကလေးငယ်များ အခြေခံပညာ တက်မြောက် အောင်မြင်အောင် ဆရာ၊ ဆရာမ များ၏ ကြိုးပမ်းအားထုတ် ကူညီပေးနေမှုများအတွက် များစွာ ဝမ်းသာဂုဏ်ယူမိကြောင်း ပြောကြားခဲ့သည်။

ထို့နောက် မြန်မာနိုင်ငံစာတက်မြောက်ရေး အထောက်အကူပြု ပင်မဌာန “MlRC” မှ ဆရာကြီး ဦးဝင်းနိုင်မှမြို့နယ်အဆင့်ကျောင်းပြင်ပ မူလတန်းပညာရေး လုပ်ငန်းဖွင့်ပွဲနှင့်ပတ်သက်သော ရည်ရွယ်ချက်၊လုပ်ဆောင်ချက်များကို ရှင်းလင်းပြောကြားပေးခဲ့ပြီး နှစ်စမှ နှစ်ဆုံးတိုင်အောင် ရာနှုန်းပြည့် ကျောင်းတက်ရောက်သော ကျောင်းသားကျောင်းသူများအား ဆုများပေးအပ် ခြင်းနှင့် ကျောင်းပြင်ပသင်ကြားမှုတွင် Level-2 အဆင့်အောင်မြင်အောင်သင်ကြားပေးခဲ့သော ဆရာ၊ ဆရာမ များအား ဂုဏ်ပြုဆုများ အသီးသီးပေးအပ်ခဲ့ကြပြီး အခမ်းအနားကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့ကြောင်း သိရသည်။

ဆက်လက်၍လည်း မြို့နယ်အဆင့်ကျောင်းပြင်ပ မူလတန်းပညာရေး ဆက်လက်အောင်မြင်အောင် ကြိုးပမ်းဆောင်ရွက်သွားကြမည်ဖြစ်ကြောင်း သတင်းရရှိသည်။

သက်မင်းဟန်(ဒဂုံတောင်)