စားသုံးဆီများကို သက်သာသောဈေးနှုန်းဖြင့် ကျေးရွာအရောက် ကွင်းဆင်းရောင်းချ

တပ်ကုန်း ဇူလိုင် ၂၆

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးခင်မောင်ဆွေ ဦးဆောင်မှုဖြင့် တပ်ကုန်းမြို့နယ် ဆီကုန်သည်အသင်းဝင်များ ပူးပေါင်း၍ ပြည်သူများ မီးဖိုချောင်းသုံးစားသုံးဆီစျေးနှုန်း သက်သာစွာဝယ်ယူနိုင်​ရေး ယနေ့နံနက် ၉ နာရီက ရွေးစုကျေးရွာအုပ်စု၊ ရွေးစုကျေးရွာသို့ ကွင်းဆင်းရောင်းချပေးခဲ့သည်။

ထိုရောင်းချပေးမှုတွင် တပ်ကုန်းမြို့မဈေး ဆီကုန်သည်အသင်းဝင် မသာယာနုဝေစံ(ကျစ်ကျစ်) ကုန်စုံဆီဆိုင်မှ စားဆီတစ်ပိဿာလျှင်(၄၀၀၀)ကျပ်နှုန်းဖြစ်ပြီး၊ လူတစ်ဦးလျှင်(၅၀)ကျပ်သားနှုန်း ဖြင့် ဆီပိဿာ(၄၄၀)ပိဿာကို စားသုံးသူများလက်ဝယ်အရောက် ရောင်းချပေးခဲ့ကြောင်း သိရသည်။

တင်စိုးလွင်