မတ္တရာမြို့နယ်၌ ကုန်ထုတ်လမ်းဆောင်ရွက်မည့် လမ်း(၂)လမ်းအား မြေထုသိပ်သည်းဆ တိုင်းတာစစ်ဆေး

မတ္တရာ ဇူလိုင် ၂၆

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွင်း ဆိပ်သာကျေးရွာနှင့် မြောင်းသစ်ကျေးရွာတို့၌ ကုန်ထုတ်လမ်းနှစ်ခု အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်သည်။

အဆိုပါ ကျေးရွာနှစ်ရွာရှိ ကုန်ထုတ်လမ်းများ သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အချိန်မီပြီးစီးနိုင်ရေးအတွက် မတ္တရာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နန်းမြင့်ဦးက တင်ဒါအောင်မြင်သည့် စိန်သစ္စာကုမ္ပဏီမှ တာဝန်ရှိသူများနှင့်အတူ မြေပြင်ကွင်းဆင်း၍ မြေထုသိပ်သည်းဆ တိုင်းတာစစ်ဆေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့သည်။

အဆိုပါ ဆိပ်သာကျေးရွာမှ ကုန်ထုတ်လမ်း(၁/၀.၅)မိုင်နှင့် မြောင်းသစ်ကျေးရွာ ကုန်ထုတ်လမ်း (၂/၆.၆၇)မိုင်ကို ငွေကျပ်(၁၇၇.၇)သန်းဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပြီး ကုန်ထုတ်လမ်းများပြီးစီးပါက (၃၇၀)ဧကအား အကျိုးဖြစ်ထွန်းမည်ဖြစ်ကြောင်း သိရသည်။

စိုးကျော်သူထွေး(မတ္တရာ)