ကျောက်မဲ ခရိုင်အားကစားကွင်းတွင် မိုးရာသီကလပ်ပေါင်းစုံ (အလွတ်တန်း) အမျိုးသားဖိတ်‌ခေါ် ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

ကျောက်မဲ ဇူလိုင် ၂၆

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲခရိုင် အားကစားကွင်းတွင် ယမန်နေ့ ညနေ ၅ နာရီ က ကျောက်မဲမြို့နယ်၏ ၂၀၂၂ ခုနှစ်၊ ပထမအကြိမ်  ‌‌ မိုးရာသီကလပ်‌ပေါင်းစုံ(အလွတ်တန်း) အမျိုးသားဖိတ်ခေါ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ ဘောလုံးပြိုင်ပွဲကို ကျောက်မဲခရိုင် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးကျင်းပခဲ့‌ကြောင်း၊ ပြိုင်ပွဲသို့ ကျောက်မဲမြို့နယ်မှ ဘောလုံးကလပ်အသင်း (၁၀)သင်းက ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ပြိုင်ပွဲကို ဇူလိုင်လ ၉ ရက်နေ့မှ စတင်ကျင်းပခဲ့ကြောင်း၊  ယမန်နေ့ ဇူလိုင်လ ၂၅ ရက်‌နေ့တွင် Royal City ကလပ်အသင်းနှင့် New Galaxy ကလပ်အသင်းတို့ ဗိုလ်လုယှဉ်ပြိုင်ကစားခဲ့ရာ Royal City ကလပ်အသင်းက ၂ ဂိုး ၁ ဂိုးဖြင့် အနိုင်ရဗိုလ်စွဲခဲ့ကြောင်း သိရသည်။

ယင်းနောက် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ဆက်လက်ကျင်းပရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးညွှန့်ရွှေနှင့် တာဝန်ရှိသူများက ပထမ ဆုအသင်းအား ဆုဖလား၊ ဆု လည်ဆွဲများနှင့်ငွေကျပ် ၃ သိန်း၊ ဒုတိယဆုရ အသင်းအား ဆုဖလား၊ ဆုလည်ဆွဲများနှင့် ငွေကျပ် ၂ သိန်း၊  ပြိုင်ပွဲတစ်လျှောက်  ဂိုး ၈ ဂိုးသွင်းယူခဲ့သူ မောင်ဥက္ကာအား ဂိုးသွင်းအများဆုံးဆုနှင့် ပြိုင်ပွဲတလျှောက်လုံးတွင် ပါဝင်ကူညီဆောင်ရွက်ခဲ့သည့်  ကြက်ခြေနီအဖွဲ့များကို ဂုဏ်ပြုဆု‌ငွေကျပ် ၅ သောင်း ပေးအပ်ခဲ့ကြောင်း သိရသည်။

မိုင်းထွန်း(ပြန်/ဆက်)