ကရင်ပြည်နယ်၊ ဘားအံမြို့တွင် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

ဘားအံ  ဇူလိုင် ၂၆

ပြန်ကြား‌ရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနတို့ ပူးပေါင်းပြီး လူငယ်ရေးရာအသိပညာ‌ပေးဟော ပြောပွဲကို ယနေ့နံနက် (၁၀:၀၀)အချိန်ခန့်က ဘားအံ မြို့ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဟောပြောပွဲတွင် အမှတ်(၄)အခြေခံပညာအထက်ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်မိုးမိုးအေးက အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ရုံးမှ  ဦးစီးအရာရှိ ဒေါ်ခက်ခက်လွင်က လူငယ်နှင့်ရည်မှန်းချက်ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အားကစားနှင့် ကာယပညာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်နော်ဩသျှာဖောက လူငယ်နှင့်အားကစားဆိုင်ရာများကိုလည်းကောင်း အသီးသီးအသိပညာပေး ဟောပြောခဲ့ကြကြောင်း သိရသည်။

ထို့နောက် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်ရာ‌ ကျောင်းအုပ်ဆရာမကြီးလက်ခံရယူခဲ့ပြီး ဂျူဒိုအားကစားနည်းကိုသရုပ်ပြ ကစားခဲ့ရာ ကျောင်းသား/ကျောင်းသူများက ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)