သံတောင်ကြီး ဇူလိုင်၂၆
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနမြို့နယ်ဦးစီးမှူးဦးချမ်းငြိမ်းဝင်းနှင့် ဝန်ထမ်းများက မြစိမ်းရောင်စီမံကိန်းကျေးရွာဖြစ်သည့် အူနဲဖိုလီကျေးရွာ မြစိမ်းရောင်စီမံကိန်းကော်မတီတို့၏ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေ အားကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ကွင်းဆင်းဆောင်ရွက်ရာတွင် မြစိမ်းရောင်စီမံကိန်းလျှောက်လွှာများစစ်ဆေးခြင်း၊အရင်း မပျောက်လည်ပတ်ရန်ပုံငွေ ပြန်လည်လွှဲပြောင်းပေးအပ်ခြင်း၊ ရရှိသောအတိုးရငွေဖြင့် ကျေးရွာအတွင်း လမ်းခင်းရန်ညှိနှိုင်းခြင်းနှင့် ကျေးရွာ၏မြစိမ်းရောင်စီမံကိန်းလုပ်ငန်း ဆောင်ရွက်နေမှုများနှင့်လိုအပ်ချက်များအား မြို့နယ်ဦးစီးမှူး ဦးချမ်းငြိမ်းဝင်း နှင့်မြစိမ်းရောင် စီမံကိန်းကော်မတီများက ပေါင်းစပ်ဆွေးနွေးခဲ့ကြောင်း သိရသည်။
နော်နော်မူ