မန္တလေးခရိုင်( Community Centre ) ခန်းမ၌ စာဖတ်ဝိုင်း ကျင်းပ

မန္တလေး ဇူလိုင် ၂၆ 

မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းနှင့် စာပေဝါသနာရှင်များပူးပေါင်း၍ ယနေ့နံနက်(၁၀)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန၌ စာရေးဆရာ ခင်မောင်စန်း၏ “ မိမိကိုယ်မိမိ မှန်ကြည့်ခြင်း” စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်သန်းက စာဖတ်ဝိုင်းဆွေးနွေးပွဲ ပြုလုပ်ရခြင်းဖြင့် စာပေဖတ်ရှုသည့် အလေ့အကျင့် ကောင်းများရရှိစေရန်၊ စာပေအကြောင်း အရာများကို အပြန်အလှန် နှီးနှောဖလှယ်နိုင်စေရန်၊ စာပေဖတ်ရှုခြင်းဖြင့် အသိပညာဗဟုသုတများ တိုးပွားလာစေရန် စသည့်ရည်ရွယ်ချက်များဖြင့် စာဖတ်ဝိုင်းကို ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ရှင်းလင်ပြောကြားခဲ့သည်။ ထို့နောက် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း အဖွဲ့ဝင်ဖြစ်သည့် ဒေါ်ယုကလျာစိုးမှ ဦးဆောင်ဆွေးနွေးခဲ့ကြရာ စာပေဝါသနာရှင်များ၊ တက်ရောက်လာကြသူများက ပြန်လည်ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။

ကျော်ကျော်အောင် (ခရိုင် ပြန်/ဆက်)