တံတား ဇူလိုင် ၂၆
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ တံတားမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (CommunityCentre) ခန်းမတွင် အလယ်တန်း အဆင့် ကျောင်းသား/ကျောင်းသူလေးများ၏ စာဖတ်စွမ်းရည် ပြိုင်ပွဲကို ယနေ့ နံနက် (၈) နာရီ အချိန်က ပြုလုပ်ကျင်းပခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးမှူး ဒေါ်မိုးဖြူလွင်က ကျောင်းသား/ကျောင်းသူများ အနေဖြင့် အချိန်ကိုအကျိုးရှိစွာ အသုံးပြုတတ်စေရန်၊ စာဖတ်စွမ်းရည် တိုးတက်မြင့်မားလာစေရန်၊ မိမိကိုယ်ကိုရှု့မြင်သုံးသပ်မှု ဉာဏ်ရည်အားကောင်းလာစေရန်၊ အမှားအမှန်ကိုဝေဖန် ပိုင်းခြားတတ်လာစေရန်၊ စာဖတ်ခြင်းကို လက်တွေ့အသုံးချခြင်းဖြင့် အတွေ့အကြုံနှင့် လေ့ကျင့်မှုရရှိလာစေရန် ရည်ရွယ်၍ ပြုလုပ်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
အဆိုပါ စာဖတ်စွမ်းရည်ပြိုင်ပွဲကို ၎င်းတို့၏ စာဖတ်နိုင် စွမ်းနှင့်လျော်ညီသည့် စာအုပ်များကို ကိုယ်တိုင်ဖတ်ပြစေခြင်း၊ အပြန်အလှန်ဝေဖန်သုံးသပ်စေခြင်းများ ပြုလုပ်ခဲ့ရာ အလယ်တန်းအဆင့် ကျောင်းသား/ ကျောင်းသူ (၇) ဦးတို့ပျော်ရွှင်စွာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။
မိုးဖြူလွင်( တံတား)