ကမမောင်း ဇူလိုင် ၂၆
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်းအိုမီခရွန်ရောဂါ ကူးစက်ပြန့်ပွားမှုကို ကြိုတင်ကာကွယ်တားဆီးနိုင်ရေးအတွက် အသိပညာပေး နှိုးဆော်ခြင်း များကို ပြည်သူများကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ဝန်ထမ်းများက နေ့စဉ်အသိပေးနှိုးဆော်ပေးခြင်းကို ယနေ့နံနက် (၉) နာရီအချိန်က ရပ်ကွက်များအတွင်း လှည့်လည်အသိပေးနှိုးဆော်ခဲ့သည်။
ထိုကဲ့သို့ အသိပညာပေးနှိုးဆော်ရာတွင် လတ်တလောအချိန်၌ ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း လဲမှုအပေါ် ပြည်သူများ အလေးထားလိုက်နာနေထိုင်ကြရန် အသိပေးခြင်းများ လှည်လည်နှိုးဆော်ပေးလျက်ရှိရာ ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးရာတွင် ဦးတည်အုပ်စုများအလိုက် အကြိမ်အရေတွက်အပြည့်အဝထိုးနှံခြင်းဖြင့် ကိုဗစ်-၁၉ ဖြစ်ပွားမှု ကို လျော့နည်းကျဆင်းစေရန်နှင့် ထိန်းချုပ်ကာကွယ်နိုင်ရန်၊ လူစုလူဝေးနေရာများသို့ သွားလာခြင်းမှ ရှောင်ကြဉ်ကြရန်၊ နေအိမ်ပြင်ပထွက်ခွာတိုင်း နှာခေါင်းစည်း Mask ကို စနစ်တကျ မဖြစ်မနေတပ်ဆင်ရန်၊ အပြင်မှပြန်လာတိုင်းလက်ကို ဆပ်ပြာဖြင့် စနစ်တကျဆေးရန်၊၊ အသက်အရွယ်ကြီးသူများ၊ နာတာရှည်ရောဂါအခံရှိသူများအား အထူးဂရုစိုက်၍ ကာကွယ်ဆေးထိုးနှံထားကြရန် ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်များကို ပြည်သူများမှ ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြရန် အသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။
တင်တင်လှ (ပြန်/ဆက်)