လင်းခေးမြို့၌ စာဖတ်ခြင်း၏အကျိုး အသိပညာပေး Talk Show ဆောင်ရွက်

လင်းခေး ဇူလိုင် ၂၆

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူများ အသိပညာဗဟုသုတတိုးပွားလာစေရန် ရည်ရွယ်၍ ယနေ့ နံနက် ၁၀နာရီက စာဖတ်ခြင်း၏အကျိုး အသိပညာပေး Talk Show အစီအစဉ်ကို ပြည်သူ့စာကြည့်တိုက်ရှိ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဆောင်ရွက်ခြင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နန်းပြုံးရီနှင့် ဒုတိယဦးစီးမှူး ဒေါ်နန်းဆေးတို့က စာကြည့်တိုက်ဆိုတာ စာဖတ်ချင်သူ၊ စာပေဝါသနာရှင်များအတွက် စာအုပ်မျိုးစုံကို စုဆောင်းပေးထားရာ နေရာတစ်ခု ဖြစ်ပါတယ်။ လူငယ်များ စာဖတ်ခြင်းဖြင့် အသိပညာဗဟုသုတကြွယ်ဝစေခြင်း၊ အတွေ့အကြုံကောင်းများ ရရှိစေခြင်း၊ လူမှုပေါင်းသင်းဆက်ဆံရေးကောင်းမွန်စေခြင်း၊ စိတ်ကူးပုံဖော်ဖန်တီးနိုင်စွမ်းရှိခြင်း စသည်တို့ကို အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။

ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသည့်ကာလအတွင်း စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် စာဖတ်ပရိတ် သတ်များအတွက်လည်း Mobile Library စနစ်ဖြင့် ကွင်းဆင်းဆောင်ရွက်ပေးခြင်း၊ ကလေးငယ်များ အတွက် အသိပညာဗဟုသုတ တိုးပွားလာစေရန် ပုံပြင်ပြောခြင်း၊ ကဗျာရွတ်ဆိုခြင်း၊ အရုပ် ခေါက်ခြင်း၊ ဆေးရောင်ခြယ်သခြင်း စသည်တို့ကိုလည်းကောင်း၊ စာပေဝါသနာရှင် စာဖတ် ပရိတ်သတ်များအတွက် စာအုပ်မိတ်ဆက်ခြင်း စသည့် အသိပညာပေးအစီအစဉ်များနှင့် Talk Show အစီအစဉ်များကို ရိုက်ကူး၍ Online မှတစ်ဆင့် တင်ဆက်ပေးလျက်ရှိပြီး လင်းခေးခရိုင် ပြည်သူ့စာကြည့်တိုက် Page တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)