မိုးနဲမြို့နယ်၌ မိုးရာသီ ပြောင်းသီးနှံများ စိုက်ပျိုးထားရာအောင်မြင်ဖြစ်ထွန်း

မိုးနဲ ဇူလိုင် ၂၆

ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ မိုးနဲမြို့နယ်၌ မိုးရာသီ ပြောင်းသီးနှံများကို ဝမ်‌ဟေ‌‌ကျေးရွာနေ ဦးလုံစော၏ ယာမြေ၌စိုက်ပျိုးထားရာ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး မကြာမီ ချိုးယူနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။

မိုးရာသီ ပြောင်းသီးနှံ (808) အမျိုးအစားခေါ် CP ပြောင်းကို စိုက်ပျိုးရာတွင် ကိုယ်ပိုင်ထွန်စက်ကြီးဖြင့် စိုက်ပျိုးထားခြင်း‌ကြောင့် ကုန်ကျစရိတ်သက်သာပါတယ် စိုက်ပျိုးရေးဦးစီးဌာန၏ လမ်းညွှန်မှုနှင့် ကြီးကြပ်မှုဖြင့် ပြောင်းပင်များကို မြေဆွပေးပြီးနောက် ပေါင်းသက်ဆေး၊ ပိုးသက်ဆေး၊ အပင်အားတိုးဆေးတို့ကို လိုအပ်သလို အသုံးပြုထားရာ အောင်မြင်ဖြစ်ထွန်းလျက်ရှိပါတယ် ယခင်နှစ်စိုက်ပျိုးတဲ့ အချိန်မှာလည်း အမြတ်ရရှိတဲ့အတွက် မိသားစုအဆင်ပြေပါတယ် ခြံမြေမှာ ပြောင်းသီးနှံအပြင် ပဲပုတ်၊ ပန်းနှမ်းတို့ကို ရာသီအလိုက် အလေ့ကျစိုက်ပျိုးလျက်ရှိပါတယ် ပြောင်းသီးနှံကို (၄) လကြာ စိုက်ပျိုးပြီးနောက် ချိုးယူရပြီး အစေ့ထုတ်ရောင်းချရာတွင် ဈေးကောင်းရရှိရန် မျှော်လင့်နေကြောင်းနှင့် မကြာမီချိုးယူနိုင်တော့မည်ဖြစ်ကြောင်း (၂) ဧကကျော် စိုက်ပျိုးထားသည့် ဦးလုံစော၏‌ပြောကြားချက်အရ သိရသည်။

အဆိုပါ ပြောင်းသီးနှံကို ဝမ်ဟေ‌ကျေးရွာနေ တောင်သူအများအပြား စိုက်ပျိုးထားကြရာ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး နွေပဲပုတ်များကို ရိတ်သိမ်းပြီးနောက် မိုးစပါးများကိုလည်း ရေသွင်းစိုက်ပျိုးရန်  ပြင်ဆင်နေကြသူများလည်းရှိကြောင်း သိရသည်။

ဇင်ကိုကို(ပြန်/ဆက်)