အလုံမြို့နယ်၌ အသက် ၁၈ နှစ်နှင့်အထက် ပြည်သူများအား ထပ်​ဆောင်း ကိုဗစ်-၁၉ ကာကွယ်​ဆေး (Booster) ထိုးနှံ​​​

အလုံ ဇူလိုင်

ရန်ကုန်တိုင်း​ဒေသကြီး၊ ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ အလုံမြို့နယ်တွင်  ကို​ဗစ်-၁၉ ကာကွယ်​ဆေးထိုးနှံခြင်းလုပ်ငန်းကို စဉ်ဆက်မပြတ်​ဆောင်ရွက်​ပေးလျက်ရှိရာ ယ​မန်နေ့ နံနက် ၉ နာရီက အလုံမြို့နယ်ခန်းမ၌ အသက် ၁၈ နှစ်နှင့်အထက် ပြည်သူ ၂၅၀ ဦးအား ထပ်​ဆောင်း ကိုဗစ်-၁၉ ကာကွယ်​ဆေး(Booster) ထိုး​နှံ​​ပေး​ကြောင်း သိရသည်။

ထိုသို့ ကာကွယ်ဆေးထိုးနှံရာတွင် ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်း တာပေးခြင်း၊ ကျန်းမာရေးစစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးပြီးမှ ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိသည်။

ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရေးအတွက်  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆန်းထွန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်း များပူးပေါင်း၍ ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးလျက်ရှိသည်။

အလုံမြို့နယ်တွင်ထမအကြိမ် ကိုဗစ်-၁ ကာကွယ်​ဆေးထိုးနှံပြီသူ ၂၇၈၅၆ ဦး၊ ဒုတိယအကြိမ် ကိုဗစ်-၁ ကာကွယ်​ဆေးထိုးနှံပြီသူ ၂၆၀၈၅ ဦး၊ Booster ထိုးနှံပြီးသူ ၈၁၅၁  ဦး ရှိပြီဖြစ်​ကြောင်း သတင်းရသည်။

တင်တင်ချို (ပြန်/ဆက်)