လောင်းလုံး ဇူလိူင် ၂၆
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်တွင် ရေတွင်းအသက်ကယ်ဆယ်ရေး လေ့ကျင့်ဆောင်ရွက်ခြင်းကို ယနေ့နံနက် ၇ နာရီက လောင်းလုံးမြို့နယ် မီးသတ်ဦးစီးမှူးရုံး၌ ပြုလုပ်သည်။
အဆိုပါဆောင်ရွက်မှုတွင် လောင်းလုံးမြို့နယ်၊ မီးသတ်ဦးစီးဌာနမှ မီးသတ်ဦးစီးအရာရှိ ဦးမျိုးဇော်ဦးနှင့် အဖွဲ့ဝင်များက လောင်းလုံးမြို့နယ်အတွင်းရှိလူ (သို့မဟုတ်) တိရိစ္ဆာန်များ တစ်စုံတစ်ခုကြောင့် ရေတွင်းထဲသို့ကျရောက်ပါက အလွယ်တကူ ကယ်ဆယ်နိုင်ရေးအတွက် လေ့ကျင့်ဆောင်ရွက်ခြင်းဖြစ်ပြီး မီးသတ်ဦးစီးဌာနအနေဖြင့် သဘာဝဘေးများဖြစ်တဲ့ မီးဘေး၊ ရေဘေး၊ ငလျင်ဘေး စသောဘေးများကျရောက်ပါက အလွယ်တကူကယ်ဆယ်နိုင်ရေးအတွက် အမြဲလေ့ကျင့်ဆောင်ရွက်လျက်ရှိပါကြောင်း သိရသည်။
သိန်းသိန်း (လောင်းလုံး)