ခရမ်းမြို့နယ် အ-ထ-က(၁)ကျောင်း၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်

ခရမ်း ဇူလိုင် ၂၆

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြို့နယ်ပညာရေးဦးစီးဌာနတို့ပူးပေါင်းပြီး နိုင်ငံတော်၏လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတတ်စေရန်၊ အနာဂတ်အားကစားသမားကောင်းများပေါ်ထွက်လာစေရန်နှင့် အားကစားကဏ္ဍဖွံဖြိုးတိုးတတ်စေရန်ရည်ရွယ်ပြီး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၉ နာရီက အ-ထ -က(၁)ကျောင်း၊ စိန်ရတုခန်းတွင်ကျင်းပပြုလုပ်သည်။

ဟောပြောပွဲတွင် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်မြတ်လေးနွယ်က လူငယ်နှင့်ခေါင်းဆောင်မှုခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောပြီးနောက် အ-ထ-က(၁)ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးသစ်အား  အားကစားပစ္စည်းများ ပေးအပ်ခဲ့ကြောင်းသိရသည်။

အဆိုပါလူငယ်ရေးရာဟောပြောပွဲသို့ အ-ထ-က(၁)ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးသစ်၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/သူ(၂၀၀)ဦးတတ်ရောက်ခဲ့ကြောင်းနှင့် တတ်ရောက်သူများကို မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများက အားကစားဆိုင်ရာအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးကြောင်း သိရသည်။

ကိုမင်း (ခရမ်း)