မုက္ကဒိခေတ်မီစံပြကျေးရွာတွင် လယ်ယားသုံး စက်ကိရိယာမောင်းနှင်ထိန်းသိမ်းမှု (အခြေခံ) သင်တန်းဖွင့်

ဘားအံ ဇူလိုင် ၂၆

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ မုက္ကဒိကျေးရွာအုပ်စု၊ မုက္ကဒိခေတ်မီစံပြကျေးရွာတွင် လယ်ယားသုံးစက် ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု (အခြေခံ) သင်တန်းဖွင့်ပွဲကို ယမန်နေ့နံနက် ၉ နာရီခန့်က အဆိုပါခေတ်မီ စံပြကျေးရွာ အထက်တန်းကျောင်းခန်းမ၌ ကျင်းပသည်။

သင်တန်းဖွင့်ပွဲတွင် ကရင်ပြည်နယ် စက်မှုလယ်ယာဦးစီးဌာန ပြည်နယ်ဦးစီးဌာနမှူး ဦးခင်မောင်သန်းက မိရိုးဖလာ လက်မှုလယ်ယာစနစ်မှ စက်မှုလယ်ယာစနစ်သို့ ပြောင်းလဲကျင့်သုံးလာစေရေး စက်မှုလယ်ယာဦးစီးဌာနမှ ဆောင်ရွက် ပေးလျက်ရှိသော လုပ်ငန်းစဉ်များနှင့် သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြား သည်။

အဆိုပါ လယ်ယားသုံးစက်ကိရိယာမောင်းနှင်ထိန်းသိမ်းမှု (အခြေခံ) သင်တန်းကို မုက္ကဒိကျေးရွာအုပ်စုမှ သင်တန်းသား (၃၀) ဦး တက်ရောက်ကြပြီး စက်မှုလယ်ယာဦးစီးဌာနမှ ဇူလိုင်လ ၂၅ ရက်နေ့မှ ဩဂုတ်လ ၅ ရက်နေ့ထိ စာတွေ့လက်တွေ့ သင်ကြားပို့ချပေးသွားမည်ဖြစ်ကာ သင်တန်းဖွင့်ပွဲသို့ စက်မှုလယ်ယာဦးစီးဌာန ပြည်နယ် ဦးစီးမှူး ဦးခင်မောင်သန်း၊ မြို့နယ်ဦးစီးမှူးဦးခင်မောင်ကျော်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် မုက္ကဒိကျေးရွာမှ ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

စောမျိုးမင်းသိန်း (ပြန်/ဆက်)