သာကေတမြို့နယ်ရှိ ကျောင်းသား၊ ကျောင်းသူများအား  ကိုဗစ်-၁၉  ရောဂါ ကာကွယ်ဆေး (ဒုတိယအကြိမ်)ထိုးနှံ

သာကေတ ဇူလိုင် ၂၅

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သာကေတမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်ကျောင်းနေအရွယ်ကလေးများ ကိုဗစ်-၁၉ ရောဂါကူးစက်မှုကင်းဝေး၍ ပညာသင်ကြားနိုင်ရေးအတွက် အသက် (၅)နှစ်မှ(၁၂)နှစ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် Phase 12 (Sinopharm)  ထိုးနှံခြင်းလုပ်ငန်းအား ဆောင်ရွက်လျက်ရှိရာ ကျောင်းသား၊ကျောင်းသူ(၅၇၉၅)ဦးအား ထိုးနှံပြီးကြောင်း သိရသည်။

သာကေတမြို့နယ်၌ ကျောင်းအ‌ခြေပြု အသက်(၅)နှစ်မှ(၁၂)နှစ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် Phase-12(Sinopharm) အား ဆက်လက်ထိုးနှံဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်(၉:၀၀)နာရီမှ မွန်းလွဲ (၁၄:၀၀)နာရီအထိ ၁၀/တောင်ရပ်ကွက် အမှတ်(၃၂) အခြေခံပညာမူလတန်းကျောင်း၊ အမှတ်(၃၄)အခြေခံပညာမူလတန်းကျောင်း၊ ရှုခင်းသားရပ်ကွက်၊ အမှတ်(၄၄) အခြေခံပညာမူလတန်းကျောင်း၊ အမှတ်(၄၁) အခြေခံပညာမူလတန်းကျောင်း၊ ၆/အရှေ့ရပ်ကွက်၊ အမှတ်(၈) အခြေခံပညာမူလတန်းကျောင်း၊ ၆/အနော​က်ရပ်ကွက် အမှတ် (၃၆) အခြခံပညာ မူလတန်းကျောင်း၊ အမှတ်(၁၄)အခြေခံပညာမူလတန်းကျောင်းများ၌ ကာကွယ်ဆေးထိုးနှံမည့် ကျောင်းသား၊ ကျောင်းသူ(၇၄၀)ဦးအား မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်စွာဝင်း၏ စီမံကြီးကြပ်မှုဖြင့် မြို့နယ်ကျန်းမာ‌ရေးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့မှ ပူးပေါင်းကာ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များ၊ ပရဟိတလူမှုကူညီရေးအသင်း၊ ကျောင်းကော် မတီဝင်များမှ ဆေးထိုးနှံမည့် ကျောင်းသား၊ ကျောင်းသူများအား အပူချိန်တိုင်းခြင်း၊ ဖျားနာခြင်းရှိ၊မရှိ၊ ကာကွယ် ဆေးများထိုးနှံထားခြင်းရှိ၊ မရှိ၊ စနစ်တကျစစ်ဆေးပြီး ဆေးထိုးအဖွဲ့ (၂) ဖွဲ့ဖြင့် ထိုးနှံဆောင်ရွက်လျက်ရှိသည်။

သာကေတမြို့နယ်ရှိ မူလတန်း(၄၆)ကျောင်း၊ အလယ်တန်း(၆)ကျောင်း၊ အထက်တန်း (၆)ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း (၇) ကျောင်း၊ ပုဂ္ဂလိကပညာရေးကျောင်း (၈) ကျောင်းရှိ အသက် (၅) နှစ်မှ (၁၂) နှစ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများအား Phase-12(Sinopharm) ပထမအကြိမ်၌ (၁၁၀၁၅)ဦး၊ ဒုတိယအကြိမ်၌ (၅၇၉၅)ဦး ထိုးနှံပြီးစီး ခဲ့ကြောင်း သိရှိရသည်။

ဆောင်းနှင်းဖြူ