မိုးမောက် ဇူလိုင် ၂၅
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့တွင် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့ နံနက် ၁၀ နာရီက မိုးမောက်မြို့ အခြေခံပညာအထက်တန်းကျောင်းရှိ ပညာရတနာခန်းမ၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဇော်မင်းလတ်က လူငယ်နှင့် ခေါင်းဆောင်မှုအကြောင်းကို လည်းကောင်း၊ မြို့နယ်ပညာရေးမှူး ဒေါ်ကေသီဝင်းက ခေါင်းဆောင်တစ်ဦး၏ ရှိသင့်သော အရည်အချင်းများအကြောင်းကို လည်းကောင်း၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်လွန်းနန်းထွေးက ခေါင်းဆောင် ဆိုသည်မှာ ဟူသောအကြောင်းအရာများကို အသီးသီးဟောပြောခဲ့ကြောင်း သိရသည်။
ဟောပြောပွဲသို့ တက်ရောက်လာသော မိုးမောက်မြို့ အခြေခံပညာ အထက်တန်းကျောင်းမှ ဆရာ၊ ဆရာမများ၊ အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ(၄၁၀)ဦးအား မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ အားကစားဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေခဲ့ ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)