ဆင်ဖုန်ကျေးရွာအုပ်စုတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးနှစ်ကြိမ် ထိုးပြီးသူများအား Booster အပိုထပ်ဆောင်းထိုးနှံ

လှည်းကူး ဇူလိုင် ၂၅

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်နိုင်စေရန်နှင့် ရောဂါကူးစက်ပြန့်ပွားမှုကို လျော့နည်းစေရန်ရည်ရွယ်၍ အသက်(၁၅)နှစ်မှ အသက်(၁၈)နှစ်နှင့်အထက်ဒေသနေပြည်သူများ၊ ကိုယ်ဝန်ဆောင်နှင့်နို့တိုက်မိခင်များအား  ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေBooster အပိုထပ်ဆောင်းထိုးနှံပေးခြင်းလုပ်ငန်းကို ယနေ့နံနက်(၉)နာရီက ဆင်ဖုန်ကျေးရွာအုပ်စုတွင် တာဝန်ရှိသူများက ကွင်းဆင်းထိုးနှံဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။      ထိုသို့ဆောင်ရွက်ရာတွင် ကျန်းမာရေးဝန်ထမ်းများနှင့် ကျေးရွာအုပ်စုတာဝန်ရှိသူများတို့က ကာကွယ်ဆေးထိုးရန်လာရောက်သည့်ပြည်သူများအား စာရင်းရေးသွင်းပေးခြင်းနှင့် မှတ်တမ်းကောက်ယူခြင်းတို့ကို ပူးပေါင်းဆောင်ရွက်ပေးခဲ့သည်။

ထို့နောက်ကျန်းမာရေးဝန်ထမ်းများက အသက်(၁၅)နှစ်မှ(၁၈)နှစ်နှင့်အထက် ဒေသနေပြည်သူများ၊ ကိုယ်ဝန်ဆောင်နှင့်နို့တိုက်မိခင် (၃၈၆)ဦးတို့အား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ပြီး ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းရာနှုန်းပြည့်ဆောင်ရွက်နိုင်ရေးအတွက် ကျေးရွာများသို့ကွင်းဆင်း၍ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အေးအေးနွဲ့ (ပြန်/ဆက်)