မိုင်းယောင်း ဇူလိုင် ၂၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ဆီထွက်သီးနှံ နေကြာတိုးချဲ့စိုက်ပျိုးနိုင်ရေး ကွင်းလက်တွေ့သရုပ်ပြပွဲကို ယမန်နေ့က နမ့်နော်ကျေးရွာရှိ စိုက်ပျိုးရေးဦးစီးဌာန၏ နေကြာ၊ ပဲပုတ် သီးညှပ် စံပြကွက်၌ ကျင်းပကြောင်း သိရသည်။
စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်ကျော်မိုးက တောင်သူများကို မျိုးကောင်းမျိုးသန့်များ စိုက်ပျိုးနိုင်စေရန်၊ စိုက်ပျိုးမြေပြုပြင်သုံးစွဲခြင်း၊ သဘာဝမြေဩဇာ ပြုလုပ်သုံးစွဲခြင်းနှင့် သဘာဝပိုးသတ်ဆေးရည် ပြုလုပ်သုံးစွဲခြင်းများဖြင့် ရရှိလာသည့် ကောင်းကျိုးများစသည့် ဒေသတွင်း ဆီဖူလုံမှုရှိစေရန် နေကြာသီးနှံ တိုးချဲ့စိုက်ပျိုးနိုင်ရေးအတွက် ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ ကွင်းလက်တွေ့သရုပ်ပြပွဲသို့ စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်ကျော်မိုး၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးနိုင်မင်းနှင့် တာဝန်ရှိသူများ၊ ဒေသခံတောင်သူများ တက်ရောက်ကြကြောင်း သိရသည်။
စိုင်းအောင်ဇော်လင်း