မိုင်းဖြတ် ဇူလိုင် ၂၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ခြင်မှတစ်ဆင့်ဖြစ်ပွားသည့် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ဖုံး၊ သွန်၊ လဲ၊ စစ် ဆောင်ရွက်ခြင်းနှင့် အဘိတ်ဆေးခပ်ခြင်းလုပ်ငန်းကို ယနေ့နံနက် ၈နာရီခွဲက ကွက်သစ်ရပ်ကွက်၌ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အမျိုးသမီးကျန်းမာရေးဆရာမ ဒေါ်နန်းခင်ပပကျော်နှင့် ဝန်ထမ်းများ၊ ငှက်ဖျားရောဂါတိုက်ဖျက်ရေးဌာနမှ ဆေးဝါးကျွမ်းကျင်-၃(ဌက်ဖျား) ဦးဆန်းနွဲ့၊ မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ တပ်ဖွဲ့မှူးဒေါ်မာလာယော်နှင့် အဖွဲ့ဝင်များက ကွက်သစ်ရပ်ကွက်တွင် လူနေအိမ်များရှိ ရေလှောင်ကန်များ၌ အဘိတ်ဆေးများ ခပ်ခြင်း၊ ရေအိုး၊ ရေခွက်များ၌ ခြင်များခိုအောင်း ပေါက်ဖွားနိုင်မှု မရှိစေရေး ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်ခဲ့ပြီး သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ပြည်သူများပူးပေါင်းလိုက်နာစေရေး အသိပေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သန်းထွန်းအေး