လယ်ဝေး ဇူလိုင် ၂၃
နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးသည် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးထိန်လင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဆောင်၊ အဖွဲ့ဝင် ဗိုလ်မှူး မင်းကျော်သူ၊ ဦးဝင်းအောင်နှင့် ရဲမှူး မိုးကျော်သူတို့လိုက်ပါလျက် ယမန်နေ့ မွန်းလွဲ(၁)နာရီက လယ်ဝေး မြို့နယ် ကူသပိတ်ကျေးရွာတွင် မြေအောက်ရေဖြင့် စိုက်ပျိုးရေပေးဝေခြင်း ဆောင်ရွက်နေမှုအား ကွင်းဆင်းကြည့်ရှု စစ်ဆေးသည်။
ရှေးဦးစွာ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးက ကူသပိတ်ကျေးရွာတွင် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် မြေအောက်ရေဖြင့် စိုက်ပျိုးရေပေးဝေနိုင်ရန် တူးဖော်ထားသည့် စက်ရေတွင်း(၅) တွင်းအား သွားရောက် ကြည့်ရှုစစ်ဆေးရာ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန (ရေအရင်းအမြစ်)မှ ဦးစီးအရာရှိ ဦးသောင်းရင်ဦးက စက်ရေတွင်းများမှ မြေအောက်ရေထုတ်ယူသုံးစွဲနေမှုများ၊ တွင်းအမှတ်(၁) နှင့် (၃) တို့အား ဆိုလာစွမ်းအင်ဖြင့် ပြောင်းလဲသုံးစွဲနေမှု များအားလည်းကောင်း၊ မြေအောက် ရေတွင်း ၅ တွင်းဖြင့် အကျိုးပြုဧက (၅၀)၊ သီးထပ်စွမ်းအားဖြင့် ဧက(၁၅၀) စိုက်ပျိုးနိုင်သည့် အခြေအနေများကိုလည်းကောင်း ရှင်းလင်းတင်ပြသည်။
ထို့နောက် နေပြည်တော်ကောင်စီအဖွဲ့ဝင်က မြေအောက်ရေများအားပေးဝေရာတွင် ရေသုံးစွဲသူများအဖွဲ့ (WUG) နှင့် ညှိနှိုင်း ဆောင်ရွက်ကာ စနစ်တကျ ရယူသုံးစွဲရန်၊ ရေများအလေအလွင့် မရှိစေရေးအတွက် သုံးသီးအပြည့် သီးထပ်စိုက်ပျိုးနိုင်ရန်နှင့် အထွက်နှုန်းကောင်းမွန်သည့် တန်ဖိုးမြင့် သီးနှံများအား ရွေးချယ်စိုက်ပျိုးရန် စသည်တို့အား လမ်းညွှန်မှာကြားခဲ့သည်။ ဆက်လက် ၍ ကူသပိတ်ကျေးရွာ၊ ကွင်းအမှတ် (၁၈၀၅)တောင်သူ ဦးဘိုဝင်းမှ ရေဆိုးထုတ်မြောင်း ဖောက်လုပ်ပေးရန် တင်ပြချက်အား သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)