ကမမောင်းမြို့၌ မိုင်းအန္တရာယ်အ‌ကြောင်း အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်များပြသ

ကမမောင်း ဇူလိုင် ၂၃

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် ​မြို့ကြက်နီသူနာပြုတပ်ဖွဲ့နှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ မိုင်းအန္တရာယ်အ‌ကြောင်း အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းကို ယနေ့ နံနက်(၁၀)နာရီအချိန်က ကမမောင်းမြို့ အမှတ်(၁)အခြေခံပညာ အလယ်တန်းကျောင်း၌ ကျင်းပသည်။

ရှေးဦးစွာ ကမမောင်းမြို့၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ တပ်စုမှူး ဒေါ်မိနိုင်နိုင်က မြန်မာနိုင်ငံ ကြက်ခြေနီအသင်း၏ ရည်ရွယ်ချက် နှင့် အခြေခံမူ(၇)ချက်ကို အသေးစိတ်ရှင်းလင်း ပြောကြားပြီး တပ်စုမှူး ဒေါ်ပွင့်နဒီမိုးမှ မိုင်းအန္တရာယ်နှင့် ပတ်သက်၍ ဆောင်ရန် ရှောင်ရန် အချက်များ၊ မိမိနှင့် မသက်ဆိုင်သော သံသယဖြစ်ဖွယ်ပစ္စည်းများကို မကိုင်တွယ်ရန်နှင့် မြေမြှုပ်မိုင်းများနှင့် ပေါက်ကွဲနိုင် သော စစ်လက်နက် အကြွင်းအကျန်များအား တစ်စုံတစ်ရာဖြင့် ဘယ်သောအခါမှ မပစ်ပေါက်ရန် စသည့်အချက်များအား လည်းကောင်း၊ ဖာပွန်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်နန်းခင်ခင်ထွန်းက မိမိနှင့် အကျွမ်းတဝင်မဖြစ်သော ဒေသတွင် ခရီးသွားပါက လူအများ အသုံးပြုထားသော လမ်းမများ၊ လမ်းကြောင်းများအား အသုံးပြုသင့် ကြောင်း​၊ ဒေသခံလူများအား အန္တရာယ် ရှိ/မရှိမေးမြန်း သင့်ကြောင်းကိုလည်းကောင်း ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် တက်ရောက်လာကြသူများအား မိုင်းအန္တရာယ်အကြောင်း အသိပညာပေး ဇာတ်လမ်းတို စာအုပ်များ၊ လက်ကမ်း စာစောင်များ ဖြန့်ဝေခြင်းနှင့် မိုင်း/မပေါက်ကွဲသေးသည့် လက်နက် ပစ္စည်းများတွေ့ရှိပါက အဆင့်ဆင့် သတင်းပေးခြင်း အသိပညာပေး နံရံကပ်စာစောင်များ ပြသခဲ့သည်။ အဆိုပါ အခမ်းအနားသို့ ကမမောင်းမြို့နယ် ကြက်ခြေနီ သူနာပြုတပ်ဖွဲ့မှ ဒုတိယမြို့နယ် တပ်ဖွဲ့မှူးနှင့် တာဝန်ရှိသူများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ အမှတ်(၁)အခြေခံ ပညာ အလယ်တန်းကျောင်းမှ ကျောင်းဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း (၄၈)ဦးခန့် တက်ရောက်ကြ ကြောင်း သိရသည်။

သန့်ဇင်(ကမမောင်းပြန်/ဆက်)