လွိုင်လင် ဇူလိုင် ၂၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ လွိုင်လင်မြို့၊ ကွန်ပျူတာတက္ကသိုလ် (ပင်လုံ) အစည်းအဝေးခန်းမတွင် ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးဟောပြောပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ ကွန်ပျူတာတက္ကသိုလ်(ပင်လုံ) ဒုတိယ ပါမောက္ခချုပ် ဒေါက်တာမြင့်မြင့်ခိုင်မှ အဖွင့်အမှာစကား ပြောကြားပေး ခဲ့ကာ ဒုတိယရဲမှူး ကျော်ဇေယျ ကယာဉ်စည်ကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ သိမှတ်ဖွယ်ရာများနှင့် ၂၀၂၀ ပြည့်နှစ်၊ ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှု ဥပဒေများအား အသိပညာပေးဟောပြောခြင်း၊ ဦးလှထွေးမှ ယာဉ်အန္တရာယ် လမ်းအန္တရာယ်၊ ယာဉ်မောင်းသူများ လိုက်နာရန် စည်းကမ်းချက်များနှင့် ယာဉ်မောင်းလိုင်စင်အမျိုးအစားများ အားအသိပညာပေး ဟောပြော ပေးခဲ့သည်။
အခမ်းအနားသို့ ကွန်ပျူတာတက္ကသိုလ်(ပင်လုံ)မှ ဒုတိယပါမောက္ခချုပ် နှင့်ပါမောက္ခဌာနမှူးများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ၊ အမှတ်(၁၁၉) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ တပ်ဖွဲ့စုမှူးနှင့် အဖွဲ့ဝင်များ၊ လွိုင်လင်ခရိုင် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူများ၊ စုစုပေါင်း (၂၀၀ ) ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
အယ်မင်း(လွိုင်လင်)