ကလိန်အောင်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲ (Talk Show) ပြုလုပ်

ကလိန်အောင်  ဇူလိုင် ၂၃

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် ပြန်လည်ထူးထောင်ရေးဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ (Talk Show) အစီအစဉ်ကို ယမန်နေ့ မွန်းလွဲ(၁)နာရီခွဲက မြို့ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ ဆွေးနွေးပွဲတွင် ကလိန်အောင်မြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာကြည့်တိုက် လက်ထောက်-၃ ဒေါ်ခင်ခင်လဲ့က မိဘပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူ များ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်‌ရေး အသိပညာပေး ဆွေးနွေးပွဲ (Talk Show) ကျင်းပပြုလုပ်ပေးရခြင်း၏ ရည်ရွယ်ချက် များကို ရှင်းလင်းဆွေးနွေးခဲ့သည်။

ထို့နောက် အသိပညာပေး ဆွေးနွေးပွဲတွင် ဦးဆောင်ပါဝင် ဆွေးနွေးသူ ကလိန်အောင်မြို့ မူးယစ်ဆေးဖြတ်ပြီး သူများ ပြန်လည်ထူထောင်ရေးစခန်းမှ တာဝန်ခံ ဦး‌ဝေဟင်စိုးက "မူးယစ်အန္တရာယ်လူရန်စွယ်"၊ မူးယစ်ဆေးဝါး ခေါ်ထွင်ပုံနှင့် အဓိပ္ပာယ်ဖွင့်ဆိုချက်၊ မူးယစ် ဆေးဝါးအမျိုးအစားများအကြောင်း၊ မူးယစ်ဆေးဝါးသုံးစွဲသူတို့၏ ရောဂါလက္ခဏာများ၊ စိတ်ပိုင်း ဆိုင်ရာဆိုးကျိုးများ၊ ရုပ်ပိုင်းဆိုင်ရာဆိုးကျိုးအန္တရာယ်များအကြောင်း၊ သဘာဝ အလျောက် ဖြစ်ပေါ်သည့် ဆေးဝါးများအကြောင်း၊ လူမှုရေးဆိုင်ရာ ဆိုးကျိုးများအကြောင်း၊ မူးယစ်ဆေးဝါး သည့် လူငယ်များအတွက် အန္တရာယ်ရှိပုံနှင့် လူငယ်များမူးယစ်ဆေးဝါးသုံးစွဲခြင်းမှ ကာကွယ်နိုင်မည့် နည်းလမ်း များစသည့် အကြောင်းအရာများကို ဆွေးနွေးပြောကြားခဲ့သည်။

ကလိန်အောင်မြို့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကိုဗစ်ရောဂါဖြစ်ပွားသည့် ကာလ တွင် ပြည်သူများ အသိပညာဗဟုသုတ တိုးပွားစေရေးအတွက် ဌာနဆိုင်ရာများကို ဖိတ်ခေါ်ပြီး အွန်လိုင်း စနစ်ဖြင့် အသိပညာပေး (Talk Show) ဆွေးနွေးပွဲများကို Online မှ တစ်ဆင့် လစဉ်ထုတ်လွှင့် တင်ဆက်ပေး လျက်ရှိကြောင်း သိရသည်။

ခင်ခင်လဲ့