မက်မန်းခရိုင်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်ထားရှိမှု ကွင်းဆင်းစစ်ဆေး

 မက်မန်း   ဇူလိုင်   ၂၃

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ရတိုင်း၊ မက်မန်းခရိုင်အတွင်း ၂၀၂၂ ဘဏ္ဍာနှစ်ဖြင့်ဆောင်ရွက်သော ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ထိရောက်အောင်မြင်စွာဆောင်ရွက်နိုင်စေရန် ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့များသည် ယမန်နေ့မွန်းလွဲ (၁)နာရီက မက်မန်းမြို့နယ် ဆွတ်ဝိုးကျေးရွာအုပ်စုသို့ ကွင်းဆင်းစစ်ဆေးခဲ့သည်။

ထို့သို့ ကွင်းဆင်းစစ်ဆေးရာတွင်  မက်မန်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်သောင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းလင်းအောင်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ (အဖွဲ့ဝင်) ရဲမှူးညွှန့်ဝင်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက မက်မန်းမြို့နယ်ဆွတ်ဝိုးကျေးရွာအုပ်စု၊ အခြေခံပညာအလယ်တန်းကျောင်းတွင် ဆောင်ရွက်လျက်ရှိသော နှစ်ထပ်ကျောင်းဆောင်ဆောက်လုပ်ပြီးစီးမှု အခြေ အနေကို ကြည့်ရှုစစ်ဆေးခဲ့ပြီးလိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးကာ ကျောင်းဝင်းအတွင်း စုပေါင်းသန့်ရှင်းရေး ပြုလုပ်ခဲ့ကြသည်။

ထို့နောက် ဆွတ်ဝိုးကျေးရွာအုပ်စု ပန်ဖိန်းကျေးရွာရှိ တပိုင်တနိုင်စိုက်ပျိုးထားရှိသော ပြောင်းစိုက်ခင်းသို့ သွားရောက်ကြည့်ရှု့စစ်ဆေးရာ မက်မန်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်သောင်းနှင့်  မက်မန်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံးမှ မြို့နယ်ဦးစီးမှူး ဦးမျိုးခိုင်က တီအာမိုင်နို သဘာဝ ရွက်ဖြန်း အားဆေးများကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။

စိုင်းရွှေအောင်(ခရိုင်ပြန်/ဆက်)