မြောက်ဥက္ကလာပမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် စာဖတ်ဝိုင်းကျင်းပ

မြောက်ဥက္ကလာပ  ဇူလိုင် ၂၃

ရန်ကုန်တိုင်းဒေသကြီး၊ ​မြောက်ဥက္ကလာပမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူလေးများ စာပေကိုမြတ်နိုးတန်ဖိုးထား လာစေရန်၊ အချင်းချင်း ဝိုင်းဖွဲ့ဆွေးနွေး တတ်စေရန်၊ အတွေးအခေါ် အသိအမြင်များအား ပြန်လည်မျှဝေတတ်စေရန်၊ စာဖတ်သည့် အလေ့အကျင့် ကောင်းများ ရရှိစေရန်၊ စာပေမှ ရရှိသည့် ဗဟုသုတများဖြင့် အမှား/အမှန် ​ဝေဖန်ပိုင်းခြား နိုင်စေရန် ရည်ရွယ်၍  ယနေ့ နံနက် (၁၀)နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာဖတ်ဝိုင်း ကျင်းပ ပြုလုပ်ခဲ့သည်။

အဆိုပါ စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်လှလှထွေး ကစာဖတ်ဝိုင်း ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်း ​ပြောကြားခဲ့သည်။ ဆက်လက်၍ စာရေးဆရာအသင်းဥက္ကဋ္ဌ ဦးသိန်းဝင်း (သိန်းဝင်းဇော်)က စာရေးဆရာ ယဉ်ထွန်းရေးသားသော ဗိုလ်ချုပ် အောင်ဆန်း၏ နောက်ဆုံးနေ့ မှတ်တမ်းစာအုပ်ပါ အကြောင်းအရာများကို ဖတ်ကြားခဲ့ပြီး တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူလေးများက သိရှိလိုသည့် စာအုပ်ပါအကြောင်း အရာများကို အပြန်အလှန် အမြင်ခြင်း ဖလှယ်ခဲ့ကြကြောင်း သိရသည်။

လှလှထွေး