စမ်းချောင်းမြို့နယ်တွင် အသက် ၅ နှစ်မှ ၁၂ နှစ်အတွင်းကျောင်းသား/သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေး

စမ်းချောင်း ဇူလိုင် ၂၃

ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်တွင် ကျောင်းသား/သူများ ကျန်းမာပျော်ရွှင်စွာဖြင့် ပညာသင်ယူနိုင်ရန် အသက် ၅ နှစ်မှ ၁၂နှစ်အတွင်းကျောင်းသား/သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေးပထမအကြိမ်ကို  ယမန်နေ့ အ.ထ.က(၂)ကျောင်းတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးထိုးနှံပေးလျက်ရှိကြောင်းသိရသည်။

ကိုဗစ်-၁၉ ကာကွယ်ဆေးကို ထိုးနှံပေးလျက်ရှိရာ  ယနေ့တွင် အသက် ၅ နှစ်မှ ၁၂ နှစ်အတွင်း ကျောင်းသား/သူ(၁၈၇)ဦး ထိုးနှံပြီးဖြစ်ကြောင်းနှင့် အသက် ၁၂ နှစ်အထက် ကျန်ရှိနေသော ကျောင်းသား/သူများကိုလည်း ကိုဗစ်-၁၉ ကာကွယ်ဆေးဆက်လက် ထိုးနှံပေးသွားမည်ဖြစ် ကြောင်းသိရသည်။

 ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံရာသို့ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ လှည့်လည်ကြည့်ရှုအားပေးပြီး လိုအပ်သည်များဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်းသိသည်။

ခင်ငြိမ်းချမ်းဝင်း