မိုင်းဆတ်မြို့၌ နယ်လှည့်ဟောပြောပွဲကွင်းဆင်းဆောင်ရွက်

မိုင်းဆတ် ဇူလိုင် ၂၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ နယ်လှည့်ဟောပြောပွဲ ကွင်းဆင်းဆောင်ရွက်ခြင်းကို ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့မွန်းလွဲ(၁)နာရီခွဲက အခြေခံပညာအလယ်တန်းကျောင်း (ကာန)တွင် အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်သီရိအောင်က  ပတ်ဝန်းကျင်ရေရှည်တည်တံ့ဖို့ အားလုံးပါဝင်ထိန်းသိမ်းစို့ ခေါင်းစဉ်ဖြင့် သဘာပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာများ၊ သဘာဝသယံဇာတများ အစဉ်သုံးစွဲနိုင်ရေးအတွက် ထိန်းသိမ်းစောင့်ရှောက်နည်းများ၊ ရေအရင်းအမြစ် ထိန်းသိမ်းစောင့်ရှောက်ခြင်းများကို အကျယ်တဝင့်ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုပ်သံကျွမ်းကျင်-၃ ဒေါ်အိအိဖြိုးက လူငယ်နှင့်ရည်မှန်းချက်များကိုလည်းကောင်း၊ လောကနီတိဆိုင်ရာများကိုလည်းကောင်း၊ ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်ဖွံ့ဖြိုးစေရန် စာပေဖတ်ရှုကြစေလိုကြောင်း အသိပညာပေး ပြောကြားခဲ့သည်။

ထို့နောက် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ အသိပညာပေးလက်ကမ်းစာစောင်များကို ကျောင်းသား၊ ကျောင်းသူများအား အခမဲ့ဖြန့်ဝေ ပေးခဲ့ကြောင်း သိရသည်။

မြင့်မောင်(ပြန်/ဆက်)