ကျောက်ပန်းတောင်းမြို့ ဘူတာလမ်းတွင် ဖျောက်ဆိပ်ပင်ကိုင်းပဲ့ကျပြီး လမ်းပိတ်ဆို့မှုဖြစ်ပွားသဖြင့် မီးသတ်တပ်ဖွဲ့ဝင်များမှ ခုတ်ထွင်ရှင်းလင်းဖယ်ရှား

ကျောက်ပန်းတောင်း ဇူလိုင် ၂၂

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့ အောင်မင်္ဂလာရပ်ကွက်၊ ဘူတာလမ်းပေါ်ရှိ ဖျောက်ဆိပ်ပင်ကြီးမှာ၊ ယနေ့မွန်းလွဲ(၁:၅၀)နာရီခန့်က မိုးရွာသွန်းပြီး လေပြင်းရိုက်ခတ်မှုကြောင့် သစ်ကိုင်းပဲ့ကျပြီး၊ လမ်းပိတ်ဆို့မှု ဖြစ်ပွားခဲ့ရာ  ကျောက်ပန်းတောင်းမြို့နယ် မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိနှင့် တပ်ဖွဲ့ဝင်များ လာရောက်ရှင်းလင်းဖယ်ရှားခဲ့ကြကြောင်း သိရသည်။

ကျောက်ပန်းတောင်းမြို့နယ်တွင် ယနေ့မွန်းလွဲ(၁:၅၀)နာရီခန့်က ခေတ္တမျှ မိုးသည်းထန်းပြီး လေပြင်းတိုက်ခတ်ခဲ့သဖြင့် အောင်မင်္ဂလာရပ်ကွက် ဘူတာလမ်းရှိ ထွန်းသီရိကုန်မာဆိုင်ရှေ့တွင်ရှိသော လုံးပတ်(၁၀) ပေခန့်၊ အမြင်ပေ(၈၀)ခန့်ရှိ ဖျောက်ဆိပ်ပင်ကြီး၏ အမြင့်ပေ(၂၀)ခန့်တွင်ရှိသော ခွဆုံမှ လုံးပတ် (၆)ပေ ခန့်၊ အရှည် ပေ(၃၀)ခန့်ရှိ သစ်ကိုင်းပဲ့ကျပြီး လမ်းပိတ်ဆို့မှုဖြစ်ပေါ်ခဲ့ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရပ်ကွက်နေပြည်သူများ၏ အကူအညီတောင်းခံမှုကြောင့် မြို့နယ်မီးသတ်ဦးစီးဌာမှ ဦးစီးအရာရှိ ဦးကျော်နိုင်လင်း၊ ဒုတိယမြို့နယ်ဦးစီးမှူး ဦးမျိုးပိုင်သူထွေးတို့ဦးစီး၍ သန္ဓေနှင့်အရံတပ်ဖွဲ့ဝင်အင်အား (၁၅)ဦးဖြင့် မွန်းလွဲ(၂)နာရီတွင် လာရောက်ခုတ်ထွင်ရှင်းလင်းဖယ်ရှားပေးခဲ့ကြောင်း သိရသည်။

နေအောင်(ပြန်/ဆက်)