လဲချား ဇူလိုင် ၂၂
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးတွင် အိမ်ထောင်စု လူဦးရေစာရင်း ပုံစံ(၆၆)၊ အိမ်ထောင်စု (၁၃၈၈၂)စု အား Software Program ထည့်သွင်းခြင်းအား ရှင်းလင်းတင်ပြခြင်းကို ယနေ့မွန်းလွဲ (၂)နာရီအချိန်က ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဖြိုးမြင့်ဝေမှ အမှာစကားပြောကြားခဲ့ပြီး အိမ်ထောင်စု လူဦးရေစာရင်းပုံစံ(၆၆)၊ Software Program ထည့်သွင်းဆောင်ရွက်ခြင်းလုပ်ငန်းကို မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယဦးစီးမှူး ဦးကျော်စိုးမိုးမှ ကူညီဆောင်ရွက်ပေးမည့် ဌာနဆိုင်ရာများအား လုပ်ငန်းဆောင်ရွက်မည့် အကြောင်းအရာများကို အသေးစိတ်ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
လဲချား(မြို့နယ် ပြန်/ဆက်)