ရွှေပြည်သာ ဇူလိုင် ၂၂
ရန်ကုန်မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ်ရှိ အခြေခံပညာကျောင်းများရှိ အသက် (၅) နှစ်မှ (၁၂) နှစ် ကျောင်းသား/သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို (ဒုတိယအကြိမ်)စတင် ထိုးနှံပေးလျက်ရှိရာ ယနေ့ နံနက် (၁၀) နာရီအချိန်တွင် (သံဒင်း)အခြေခံပညာမူတန်းလွန်ကျောင်းရှိ ကျောင်းသား/သူများအား ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ရွှေပြည်သာမြို့နယ်တွင် အခြေခံပညာအထက်တန်းကျောင်း (၉) ကျောင်း၊ အခြေခံပညာအလယ်တန်းကျောင်း (၉) ကျောင်း၊ အခြေခံပညာမူလတန်းကျောင်း (၃၉) ကျောင်း၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း (၁၃) ကျောင်း၊ ကိုယ်ပိုင်ကျောင်း (၁၄) ကျောင်း၊ စုစုပေါင်း (၈၄) ကျောင်းမှ ကျောင်းသား/သူများကို ရွှေပြည်သာမြို့နယ် ကျန်းမာရေးဌာနမှ ဝန်ထမ်းများက အဖွဲ့များခွဲကာအလှည့်ကျ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ကျောင်းသား/သူများ အဆင်ပြေစွာကာကွယ်ဆေး ထိုးနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ လူမှုကူညီရေးအသင်းအဖွဲ့ များနှင့် မိဘများက ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
နေမျိုးထွန်း(ရွှေပြည်သာ)