လဲချား ဇူလိုင် ၂၂
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးတွင် (GIS)နည်းပညာအသုံးပြု၍ ရပ်ကွက်/ ကျေးရွာ တည်နေရာ (Point )များ ကောက်ယူမည့်အကြောင်း ရှင်းလင်းတင်ပြခြင်းကို ယနေ့မွန်းလွဲ (၁)နာရီအချိန်က ဆောင်ရွက်ခဲ့သည်။
အဆိုပါ (GIS)နည်းပညာအသုံးပြု၍ ၂၀၂၄ခုနစ် သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်း ရပ်ကွက်/ကျေးရွာတည်နေရာ(Point)များကောက်ယူမည့်အကြောင်းအရာများကို မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးကျော်စိုးမိုးမှ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးမြင့်ဝေ အားဆောင်ရွက်မည့် လုပ်ငန်းအကြောင်း အရာများကို အသေးစိတ်ရှင်းလင်းတင်ပြခဲ့ပြီး ၂၀၂၂ခုနှစ်၊ အောက်တိုဘာလ (၃၀)ရက်နေ့ထိ ဆောင်ရွက်မည်ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး၏ ပြောကြားချက်အရ သိရသည်။
လဲချား (မြို့နယ် ပြန်/ဆက်)