ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်၊ (၅၄)ရပ်ကွက်၊ အမှတ်(၆)အခြေခံပညာအထက်တန်းကျောင်းရှေ့၊ ပုဂံလမ်းမကြီးပေါ်သို့ လဲကျနေသော သစ်ပင်အား ဖယ်ရှားရှင်းလင်း

ဒဂုံတောင် ဇူလိုင် ၂၂

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ (၅၄)ရပ်ကွက်၊ အမှတ်(၆)အခြေခံပညာအထက်တန်းကျောင်းရှေ့ ပုဂံလမ်းမကြီးပေါ်တွင်    သစ်ပင်တစ်ပင်  လဲကျနေခြင်းအား မြို့နယ် စည်ပင်နှင့် မြို့နယ်မီးသတ်တပ်ဖွဲ့တို့မှ သွားရောက်ဖယ်ရှား ရှင်းလင်းပေးကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ ယနေ့နံနက်(၁၁:၂၈)နာရီတွင် ဒဂုံမြိုသစ်(တောင်ပိုင်း)မြို့နယ်၊  (၅၄)ရပ်ကွက်၊  အမှတ်(၆)အခြေခံပညာအထက်တန်းကျောင်း ပုဂံလမ်းမကြီးပေါ်တွင်  သစ်ပင်တစ်ပင်လဲကျနေကြောင်း ရပ်ကွက်နေပြည်သူများထံမှ သတင်းရရှိသဖြင့် မြို့နယ်စည်ပင်၊ ပန်းဥယာဉ်ဌာနနှင့် မြို့နယ်မီးသတ်တို့ပူးပေါင်း၍ ယနေ့နံနက် (၁၁:၂၈ )နာရီတွင် သွားရောက်ရှင်းလင်း ဖယ်ရှားရာ နံနက်(၁၂:၂၅)နာရီ၌ ဖယ်ရှားရှင်းလင်းပြီးကြောင်း လူ၊ လူနေအိမ်နှင့်တိရစ္ဆာန် ထိခိုက်မှု မရှိကြောင်း သိရှိရသည်။

ကျော်စွာမိုး