ဝေးလံခေါင်ဖျားဒေသသတင်းများ

Aug 12,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ကာလိမြို့၌ ကျောင်းသား၊ကျောင်းသူများကို ပလတ်စတစ်များ စနစ်တကျသုံးစွဲတက်စေရန် ရည်ရွယ်၍ ပလတ်စတစ်ညစ်ညမ်းမှု တိုက်ဖျက်ရေး အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့်စာအုပ်စာစောင်ပြပွဲကို ယမန်နေ့နံနက်(၁၀)နာရီအချိန်က အခြေခံပညာမူလတန်းကျောင်း (မိုင်းယိုင်း)၌ ဆောင်ရွက်ခဲ့ကြသည်။
Aug 05,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းနောင်မြို့ရှိရှေးဟောင်းသမိုင်းဝင်ထူပါရုံဘုရားစေတီတော် ပတ်ဝန်းကျင်သန့်ရှင်းသာယာလှပရေးအတွက် စုပေါင်းသန့်ရှင်းရေးပြုလုပ်ခြင်းကို ယမန်နေ့နံနက်(၈)နာရီချိန်က  ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
Jul 29,2023
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များနှင့်ဌာနဆိုင်ရာများ ပူးပေါင်း၍ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းကို ယနေ့နံနက် ၈ နာရီက မြို့မရပ်ကွက်ရှိ ထေရဝါဒ ဗုဒ္ဓသာသနာပြု ကျောင်း၌ ဆောင်ရွက်ခဲ့သည်။
Jul 29,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကာလိမြို့ ငွေတောင်ဦးသီရီမင်္ဂလာကျောင်းတိုက် သိန်းဖျံကျေးရွာ၌ ဘုန်းတော်ကြီးကျောင်းဝန်းအတွင်း သန့်ရှင်းသာယာလှပရေး၊ ရေစီးရေလာကောင်းမွန်စေရေးနှင့် ခြင်အန္တရာယ်ကင်းရှင်းရေးအတွက် လုပ်အားဒါနတရပ်အနေဖြင့် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ပေးခြင်းကို ယနေ့ နံနက်(၈) နာရီ အချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Jul 25,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မန့်ဟီးရိုးမြို့တွင် ဒေသခံတိုင်းရင်းသားများသည် စိုက်ပျိုး မွေးမြူရေးကို အဓိထားလုပ်ကိုင်လျက်ရှိပြီး မိုးစပါး စိုက်ပျိုးပြီးစီးပြီဖြစ်၍ မိသားစုစားသောက်ရန်နှင့် တခြားသော မြို့နယ်များသို့ လက်လီလက်ကားရောင်းချရန် ရာသီတိုသီးနှံများကို စတင်စိုက်ပျိုးလျက်ရှိကာ စိုက်ပျိုးစရိတ်သက်သာသော ရုံးပတီသီးများကို တိုးချဲ့စိုက်ပျိုးလျက်ရှိပါသည်။
Jul 21,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့တွင် အသက်(၁)နှစ်ခွဲအောက်ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ပေးခြင်းကို ယနေ့နံနက် (၉)နာရီအချိန်က ကုတင်(၁၀၀)ဆေးရုံတွင် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
Jul 14,2023
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း များတွင် ကျောင်းသား/ကျောင်းသူများကို ကျောင်းအပ်လက်ခံမှုအား ဇူလိုင်လ ၁၄ ရက်နေ့အထိ နောက်ဆုံးထား၍ တို့းမြှင့်လက်ခံပေးလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
Jun 01,2023
၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းနေအရွယ်ကလေးအားလုံး ပညာရေးမဝေးဖို့ ကျောင်းအမြန် အပ်နှံစို့ ဟူသောဆောင်ပုဒ်နှင့်အညီ အခြေခံပညာကျောင်းများကို နိုင်ငံတစ်ဝန်းလုံးတွင် ယနေ့ နံနက်ပိုင်းမှစတင်၍