ဝေးလံခေါင်ဖျားဒေသသတင်းများ

Dec 29,2023
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၌ ကလေးသူငယ်များအတွက် သဘာဝဘေးအန္တရာယ်လျော့ပါးရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး အသိပညာပေး (Kaeru Caravan) လက်တွေ့သရုပ်ပြခြင်းကို စျေးတန်းရပ်ကွက် အခြေခံပညာအလယ်တန်းကျောင်းခွဲ၌ ယမန်နေ့မွန်းလွဲ ၁ နာရီက ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
Dec 27,2023
ရှမ်းပြည်နယ် (တောင်ပိုင်း) ၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ် အခြေခံပညာအထက်တန်းကျောင်း (မောက်မယ်) ၌ အနာဂတ်မျိုးဆက်သစ်လူငယ်လူရွယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်၊ မျိုးချစ်စိတ်ဓါတ် ရှင်သန်ထက်မြက်စေရန်နှင့် နိုင်ငံတော်ကိုအကျိုးပြုမည့် လူငယ်လူရွယ်လေးများ ဖြစ်လာစေရန်ရည်ရွယ်၍ ပန်းချီ၊ကဗျာ၊စာစီစာကုံးပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီက အဆိုပါကျောင်း၌  ကျင်းပပြုလုပ်ခဲ့သည်။ 
Dec 13,2023
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ကျောင်းသား၊ ကျောင်းသူ လူငယ်များ အသိဗဟုသုတတိုးပွားရေး၊ နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများစဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ် ပါဝင်လာနိုင်ရေး၊ ဗလ (၅) တန်နှင့်ပြည့်စုံသော လူငယ်များဖြစ်စေရန် လူငယ်ရေးရာ နံရံကပ်စာစောင်ပြသခြင်းကို ယနေ့ နံနက် ၉ နာရီအချိန်က ပြသခဲ့သည်။
Dec 13,2023
ရှမ်းပြည်နယ် (တောင်ပိုင်း) ၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်ရှိ ဒေသခံတောင်သူများသည် စိုက်ပျိုးရေးလုပ်ငန်းများကို အဓိကထားလုပ်ကိုင်လျက်ရှိရာ ယခုနှစ်လယ်ယာ၊ ခြံမြေများတွင် စိုက်ပျိုးထားသည့် အစေ့ထုတ်ပြောင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး ဒေသခံတောင်သူများအနေဖြင့် စျေးကောင်းရရန်လည်း မျော်လင့်လျက်ရှိကြောင်း သိရသည်။
Dec 06,2023
ရှမ်းပြည်နယ် (တောင်ပိုင်း) ၊ ကာလိမြို့၌ ကျောင်းသား၊ ကျောင်းသူများ နေ့ထူးနေ့မြတ်များ အောက်မေ့သတိရစေရန်နှင့် အမျိုးဘာသာသာသနာကို ထိန်းသိမ်းတက်စေရန် ရည်ရွယ်၍ (၁၀၃) နှစ်မြောက်အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်(အကြို)ဟောပြောပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ယမန်နေ့နံနက် (၉)နာရီအချိန်က အခြေခံပညာအလယ်တန်း (ခွဲ) (ကျိုင်းလွန်း) ကျောင်း၌ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
Nov 20,2023
ရှမ်းပြည်နယ်(တောင်ပိုင်)၊ ကာလိမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူများအား Mobile Library  စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းကို ယနေ့နံနက် (၉) နာရီအချိန်က အခြေခံပညာမူလတန်း (လွိုင်ချို) ကျောင်း၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။
Nov 16,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကာလိမြို့တွင် လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်း ယနေ့ နံနက်(၉) နာရီအချိန်က အခြေခံပညာအလယ်တန်း (ခွဲ)ကျိုင်းလွန်းကျောင်း ၌ ကျင်းပခဲ့ကြောင်းသိရသည်။
Nov 14,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်တွင် လယ်ယာမြေပိုင်ဆိုင်သည့် ဒေသခံတောင်သူများသည် ဆန်စပါး၊ ဆီထွက်သီးနှံအမျိုးမျိုး၊ ပဲအမျိုးမျိုး၊ သီးနှံအမျိုးမျိုး စသည့်သီးနှံ များစိုက်ပျိုးလုပ်ကိုင်ကြပြီး ဥယျာဉ်ခြံများတွင် သရက်၊ လိုင်ချီးသီး၊ သံပုရာသီး၊ လျှောက်ချိုသီး၊ လိမ္မော် သီးစသည့်သီးနှံများကို စီးပွားဖြစ်စိုက်ပျိုးကြကြောင်းနှင့် လယ်ယာခြံမြေပိုင်ဆိုင်မှုမရှိသည့် ပြည်သူများ အနေဖြင့် မီးဖိုဆောင်ကုန်ကျစရိတ်သက်သာစေရန်အတွက် လူနေအိမ်ခြံဝန်းအတွင်း ရာသီအလိုက် မီးဖို ဆောင်သုံးဟင်းသီးဟင်းရွက် သီးပင်စားပင်များ တစ်ပိုင်တစ်နိုင်စိုက်ပျိုးထားရှိမှုကြောင့် မီးဖိုဆောင်စရိတ် သက်သာလျက်ရှိကြောင်း ဒေသခံပြည်သူများထံမှသိရသည်။