ဝေးလံခေါင်ဖျားဒေသသတင်းများ

Jan 12,2021
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ပန်ဝါမြို့၌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဇုန်းတိန့်နှင့် ပန်ဝါမြို့ရှိ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ဒေသတည်ငြိမ်ဖွံ့ဖြိုးအုပ်ချုပ်ရေး ကော်မတီမှ တာဝန်ရှိသူများ၊ ဒေသခံ ပြည်သူများတွေ့ဆုံ‌‌ ဆွေးနွေးပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီခွဲတွင် ဒေသတည်ငြိမ် ဖွံ့ဖြိုး အုပ်ချုပ်ရေး ကော်မတီရုံး အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Jan 12,2021
ချင်းပြည်နယ်၊ ဟားခါးခရိုင်၊ ထန်တလန်မြို့၌ ကလေးမြို့မှ ရောက်ရှိလာသူ အမျိုးသားတစ်ဦး၏ ဓာတ်ခွဲနမူနာကို RDT ဖြင့် စစ်ဆေးရာ ယမန်နေ့တွင် ကိုဗစ်-၁၉ ရောဂါပိုး ထပ်မံတွေ့ ရှိခဲ့ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှသိရသည်။
Jan 12,2021
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုရန်ပုံငွေဖြင့် ဆောင်ရွက်နေသည့်
Jan 11,2021
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ ရွေးချယ်ရေး ကြီးကြပ်ရေး အဖွဲ့များ ဖွဲ့စည်းပေးနိုင်ရေးအတွက် ယနေ့နံနက်ပိုင်းက မြို့နယ်အဆင့် ဌာနဆိုင်ရာများကို တာဝန်ပေးအပ်ခဲ့ကြောင်း သိရသည်။
Jan 11,2021
တီးတိန်မြို့နယ်၊ ခိုင်ကမ်းမြို့၊ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ကော်မတီတို့မှ ချင်းပြည်နယ် မြောက်ပိုင်းသို့ ဝင်ရောက်မည့် ကုန်တင်ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များကို မြို့ဝင်/ထွက် နေရာဖြစ်သည့် ခိုင်ကမ်းမြို့ အ.ထ.ကကျောင်းရှေ့တွင် ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ နေ့စဉ် စစ်ဆေး ဆောင်ရွက်လျက်ရှိသည်။
Jan 11,2021
တီးတိန်မြို့နယ်၊ ခိုင်ကမ်းမြို့၊ မြို့စည်ပင်သာယာရေးအဖွဲ့၏ ငွေကျပ်(၁၀)သန်းအထက် ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် ဆောင်ရွက်မည့် Nat Mauk Hlwan Moe ကုမ္ပဏီမှ တင်ဒါအောင် လုပ်ငန်းများ လုပ်ကိုင်ရန် မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်မှ လာရောက်ကြသည့် အလုပ်သမားခေါင်းဆောင်နှင့် အလုပ်သမား မိသားစုအဖွဲ့ ကလေးငယ်(၂)ဦး၊ အမျိုးသား(၉)ဦး၊ အမျိုးသမီး(၉)ဦး စုစုပေါင်း(၂၀)ဦးတို့အား ယမန်နေ့က ခိုင်ကမ်းမြို့ စည်ပင်ဈေး Community Based Facility Quarantine Centre တွင် အသွားအလာ ကန့်သတ် ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
Jan 09,2021
ရန်ကုန်​တောင်ပိုင်းခရိုင်၊ ကိုကိုးကျွန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမရှိစေရေးကို အရှိန်ဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ဇန်နဝါရီလ ၆ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီးမှ ကိုကိုးကျွန်း မြို့နယ်သို့ ထွက်ခွာလာသော သင်္ဘောခရီးစဉ်ဖြင့် လိုက်ပါလာသည့် ကိုကိုးကျွန်း ဒေသခံများနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေသော အလုပ်သမား စုစုပေါင်း - ၆၁ ဦး တို့အား ကိုကိုးကျွန်း ဆိပ်ကမ်းသို့ ဆိုက်ကပ်ရပ်နားသည့် ယမန်နေ့ နေ့လယ် ၂ နာရီအချိန်တွင် ကိုကိုးကျွန်းမြို့နယ် ကိုဗစ်ကော်မတီဝင်များနှင့် ကျန်းမာရေးဝန်ထမ်းများမှ အပူချိန်တိုင်းတာခြင်း၊ နှာခေါင်းစည်း Mask များ အခမဲ့ဖြန့်ဝေခြင်းများကို ပြုလုပ်ခဲ့ကြောင်း သိရသည်။
Jan 08,2021
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေဖြင့် ကျေးလက်နေပြည်သူများ၏ လူနေမှု အဆင့်အတန်းများ ပိုမိုမြင့်မားလာစေရေး ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိရာ ဖလမ်းမြို့နယ်၊ ဘွာလ်မင်းကျေးရွာနေ ဒေသခံပြည်သူများ သောက်သုံးရေ လုံလောက်စွာရရှိရေးအတွက် သောက်သုံးရေသွယ်ယူခြင်း လုပ်ငန်းများ ဆောင်ရွက် လျက်ရှိသည်။