ဝေးလံခေါင်ဖျားဒေသသတင်းများ

Feb 01,2020
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့တွင် အဆုပ်ရောင်ရောဂါ coronavirus နှင့်ပတ်သက်၍ ကူးဆက်နိုင်ချေရှိသည့် နည်းလမ်းများ၊ သံသယဖြစ်ဖွယ် ရောဂါလက္ခဏာ များနှင့် ကာကွယ်နိုင်မည့်နည်းလမ်းများအား အသိပညာပေး ရှင်းလင်းပွဲကို၊ ယမန်နေ့၊ နံနက်(၁၀)နာရီက မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး၊ စကားဝါမြေခန်းမတွင်ပြု လုပ်ခဲ့ကြောင်း သိရသည်။
Feb 01,2020
ပြည်သူများအကြား ကိုရိုနာဗိုင်းရပ်စ် အဆုတ်ရောင်ရောဂါနှင့်ပတ်သက်၍ ရောဂါကာကွယ်နှိမ်နှင်းရေး လုပ်ငန်းများ ကျန်းမာရေး အသိပညာပေးနှင့် (2019 Novel Coronavirus 2019-nCov) ဗီနိုင်း ပိုစတာ ဆိုင်းဘုတ် စိုက်ထူခြင်း၊ လက်ကမ်း စာစောင်များ ဖြန့်ဝေခြင်းနှင့် Mask များအခမဲ့ ဖြန်ဝေခြင်းတို့ကို ယနေ့ နံနက် ၈ နာရီခွဲက ရမည်းသင်မြို့ ရန်ကုန်−မန္တလေးကားလမ်းဘေး နာရီစင်အနီး လူစည်ကားသည့်နေရာတွင် ကျင်းပပြုလုပ်သည်။
Feb 01,2020
တနင်္သာရီ တိုင်းဒေသကြီး အစိုးရအဖွဲ့ဖလား (၃)ခရိုင် ရိုးရာခြင်းလုံးပြိုင်ပွဲကို အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် မျိုးဆက်သစ်ရိုးရာ ခြင်းလုံး အားကစားသမားများ ပေါ်ထွက်လာစေရေးအတွက် မြိတ်မြို့တွင် ကျင်းပလျက်ရှိရာ ဗိုလ်လုပွဲကို ယနေ့ နံနက်ပိုင်းက ကျင်းပခဲ့ပြီး မြိတ်ခရိုင်အသင်းနှင့် ထားဝယ်ခရိုင်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ ဗိုလ်လုပွဲတွင် မြိတ်ခရိုင်အသင်းမှ အနိုင်ရရှိခဲ့သည်။
Feb 01,2020
“ဖက်ဒရယ်စနစ် ဘဏ္ဍာရေးအစီအမံအခြေခံမူများ’’ ဆိုင်ရာ အကြံပြုဆွေးနွေးပွဲကို မန္တလေးမြို့၊ ၃၂လမ်းနှင့် ၃၃လမ်းကြား၊ ၆၇လမ်းနှင့် ၆၈လမ်းကြားရှိ ဆာကူရာဟိုတယ်တွင် ယနေ့ နံနက် ၉ နာရီ က ကျင်းပ ပြုလုပ်သည်။
Feb 01,2020
ကိုရိုနာဗိုင်းရပ်စ်ရောဂါ ဖြစ်ပွားမှုကြောင့် တရုတ်နိုင်ငံသို့ တင်သွင်းသော ပဲဈေးကွက်နှင့် ရောင်းအားများ ကျဆင်းနေကြောင်း မန္တလေးကုန်စည်ဒိုင်မှ သိရသည်။
Feb 01,2020
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ကျေးလက်နေပြည်သူများ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု လက်သမား၊ ပန်းရံသင်တန်း ဖွင့်ပွဲ ကို ယနေ့နံနက်(၉) နာရီက ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။
Feb 01,2020
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန်နှင့် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန် ရည်ရွယ်ဖွင့်လှစ်သည့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံစက်ချုပ်သင်တန်းဆင်းပွဲကို ယမန်နေ့ ညနေ ၃ နာရီက ပွင့်ဖြူမြို့နယ် ဥယျာဉ်ကျစ်ကျေးရွာအုပ်စု ၊ ရွှေဘိုရွာမကျေးရွာဘုန်းတော်ကြီးကျောင်း၌ ကျင်းပသည်။
Feb 01,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်တွင်း ဒေသခံပြည်သူများနှင့် ကလေးငယ်များတွင် ဗိုင်းရပ်စ်ရောဂါပိုးနှင့် ပတ်သက်ပြီး ဖြစ်ပွားသည့် ၀မ်းပျက်၀မ်းလျှောရောဂါ ဖြစ်ပွားမှုများကင်းဝေးစေရန်အတွက် မြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ပုံမှန်ကာကွယ်ဆေးထိုးလုပ်ငန်းတွင် ပြင်းထန် ၀မ်းပျက်၀မ်းလျှော(Rota Virus) ကာကွယ်ဆေးစတင်ထည့်သွင်းတိုက်ကျွေးခြင်း အသိပေးရှင်းလင်းဆွေးနွေးပွဲကို ယမန်နေ့ နံနက်(၁၁)နာရီက ချောင်းဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။