ဝေးလံခေါင်ဖျားဒေသသတင်းများ

Mar 17,2020
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ ၂၀၁၉ -၂၀၂၀ ဘဏ္ဍာ‌ရေးနှစ် ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်း (VDP) ဖြင့် ဆောင်ရွက်မည့် ကျေးရွာ(၂၀)အား ရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက အဆိုပါ ဦးစီးဌာန ရုံးခန်းမ၌ ကျင်းပသည်။
Mar 17,2020
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ်အတွင်းရှိ အသက် (၈၅) နှစ်နှင့်အထက် သက်ကြီး ဘိုးဘွား (၄၅၉)ဦးအား လူမှုရေးပင်စင် ထောက်ပံ့ကြေးငွေများကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ဒုတိယ (၃)လ အတွက် ထောက်ပံ့ငွေများ ပေးအပ်လျက်ရှိကြောင်း သိရသည်။
Mar 17,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ဝက်လက်မြို့နယ်၊ ပြည်သူ့ဆေးရုံဝင်းအတွင်း ဝန်ထမ်းအိမ်ရာ အဆောက်အဦ (၂)လုံး ဆောက်လုပ်နေခြင်းကို မြို့နယ်အရည်အသွေး စစ်ဆေးရေးအဖွဲ့က ယနေ့ နံနက် (၉) နာရီက သွားရောက် စစ်ဆေးဆောင်ရွက်ခဲ့ကြောင်းသိရသည်။
Mar 17,2020
စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့၌ COVID-19 ရောဂါ ကာကွယ်ရေးနှင့် ကုသရေးဆိုင်ရာ လုပ်ငန်းများ အသိပညာပေး ဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀ နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေး ခန်းမတွင် ကျင်းပသည်။
Mar 17,2020
သစ်တောပြုန်းတီမှု ကာကွယ်‌‌စေရေး၊ လောင်စာလျှော့ချရေး၊ ကာဗွန်လျှော့ချရေး၊ သဘာဝ ပတ်ဝန်းကျင်ကို ထိန်းသိမ်းစေရေး၊ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရေးကို ရည်ရွယ်၍ စိုက်ပျိုးရေး ဦးစီးဌာနနှင့် ကိုရီးယား ရာသီဥတုပြောင်းလဲမှု ဗဟိုဌာနတို့ ပူးပေါင်းဆောင်ရွက်သော စွမ်းအားမြှင့် မီးဖိုများ ဖြန့်ဖြူးခြင်းနှင့် စီမံကိန်းအကောင်အထည်ဖော်မည့်သူများအား မီးဖိုပေးအပ်ပွဲ ကို ယနေ့ နံနက် ၁၀ နာရီက ထန်းပင် ကုန်း ကျေးရွာ၊ ထန်းပင်ကုန်းခန်းမ၌ ပြုလုပ်ကျင်းပခဲ့သည်။
Mar 17,2020
ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့၊ အမှတ် (၆) ရပ်ကွက် ဈေးချိုတန်းလမ်းရှိ မြို့မဈေး နှင့် ဘူတာ၊ ကားဂိတ်များ၊ မြို့ပေါ်ရပ်ကွက်များတွင် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာလှဝင်း ဦး‌ဆောင်မှုဖြင့် ကျန်းမာရေး ဝန်ထမ်းများ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များနှင့်အတူ
Mar 17,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် နိုင်ငံသား ရသုံးမှန်းခြေ ငွေစာရင်း (Citizen Budget) စာစောင်ဖြန့်ဝေခြင်းကို ယမန်နေ့ မွန်းလွဲ ပိုင်းက မုံရွာမြို့ စစ်ကိုင်းတိုင်းဒေသကြီး စည်ပင်သာယာရေး ကော်မတီရုံး အစည်းအဝေး ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
Mar 17,2020
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ကြီးကြပ်မှုဖြင့် သောက်သုံးရေ လိုအပ်နေသည့် ထနောင်းကုန်းကျေးရွာအတွက် ရေဂါလံ ၂၈၀၀ ကို ယနေ့ နံနက် ၉ နာရီခွဲအချိန်က နတ်မောက်မြို့ ကမော္ဘဇအနာဂတ် အလင်းတန်း မြန်မာ ဖောင်ဒေးရှင်း ကလှူဒါန်းပေးခဲ့ကြောင်း သိရ သည်။