ဝေးလံခေါင်ဖျားဒေသသတင်းများ

Aug 25,2020
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စာရေးဆရာ ကျော်ဝင်း၏ "နှစ်ဆယ့်တစ်ရာစု သားရွှေဥ" စာအုပ်ဖြင့် Book Club အဖွဲ့ဝင်များ၊ ဆရာမနှင့် ကျောင်းသား/ကျောင်းသူများ ဖိတ်ခေါ်၍ ယမန်နေ့ မွန်းလွဲ(၃)နာရီအချိန်က စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။
Aug 25,2020
ကိုဗစ်-၁၉ ရာဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ထိရောက်မှုရှိစေရေး ချီဖွေမြို့နယ် အတွင်းရှိ စည်ပင်သာယာစျေးအတွင်း စျေးရောင်းချသူများနှင့် စျေးဝယ်သူများ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ ညွှန်ကြားချက်များအား လိုက်နာမှုမရှိသူများကို မြို့နယ် စည်ပင်သာယာရေး အဖွဲ့ဝန်ထမ်းများက နေ့စဉ် လိုက်လံစစ်ဆေး အရေးယူမှုများ ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
Aug 25,2020
ကျောင်းသား လူငယ်လူရွယ်များ စာပေဗဟုသုတ တိုးပွားစေရန်နှင့် ပြည်သူ့စာကြည့်တိုက်ကို အသုံးပြုတတ်လာစေရန် ရည်ရွယ်၍ ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဒေါ့ဖုန်းယန်မြို့ လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမ လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်စွမ်းရည်ပြိုင်ပွဲကို ယနေ့နံနက် ၁၀ နာရီက ကျင်းပသည်။
Aug 25,2020
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ အင်ဂျန်းယန်မြို့နယ်တွင် အာဟာရရက်သတ္တပတ် လှုပ်ရှားမှုအဖြစ် အသက်(၆)လမှ (၅)နှစ်အောက်ကလေးများအား Vitamin A နှင့် သန်ချဆေး တိုက်ကျွေးခြင်းကို ယမန်နေ့ နံနက်(၉)နာရီက ပြည်သူ့ဆေးရုံ၌ ဆောင်ရွက်ခဲ့သည်။
Aug 25,2020
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ကာမိုင်းမြို့ဒေသအတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်း စားများဖြစ်သည့် အိမ်ထောင်စု(၁၇၁၂)စုတို့အတွက် နိုင်ငံတော်မှ ဒုတိယအကြိမ် အဖြစ် တစ်အိမ်ထောင်လျှင် ငွေကျပ်နှစ်သောင်းစီကို ယနေ့နံနက်(၉)နာရီက အိမ်‌တိုင်ရာရောက် ထောက်ပံ့‌ပေးအပ်ခဲ့ကြောင်း သိရသည်။
Aug 25,2020
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ကျွဲ၊ နွားများအား ပေါင်ပုပ်၊ လက်ပုပ်၊ လည်ချောင်းကွဲရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းလုပ်ငန်းကို ဩဂုတ်လကုန်ထိ ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
Aug 25,2020
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဒေါ့ဖုန်းယန်မြို့တွင် (၂၀၂၀ )ပြည့်နှစ် ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေး ရက်သတ္တပတ်နှင့် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်လှုပ်ရှားမှု အထိမ်းအမှတ် အဖြစ် ကျန်းမာရေး အသိပညာပေးခြင်းများကို ယမန်နေ့ နံနက် ၁၀ နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခန်းမ၌ ကျင်းပသည်။
Aug 25,2020
ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် မြန်မာနိုင်ငံကြက်ခြေနီ အသင်းရုံးချုပ်နှင့် ကချင်ပြည်နယ် ကြက်ခြေနီအသင်းတို့ ပူးပေါင်း၍ ယမန်နေ့နံနက်(၉)နာရီခွဲအချိန်တွင် မြန်မာနိုင်ငံကြက်ခြေနီအသင်း ကြက်ခြေနီအသင်းခွဲဆိုင်ရာ စွမ်းဆောင်ရည်ဆန်းစစ်အကဲဖြတ်ခြင်း (BOGA) သင်တန်းဖွင့်ပွဲ ကျင်းပခဲ့သည်။