ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ချီဖွေမြို့ စည်ပင်သာယာ စျေးအတွင်း စျေးရောင်း စျေးဝယ်များ နှာခေါင်းစည်း (Mask )တပ်ဆင်ရေး အရှိန်အဟုန်မြှင့် ဆောင်ရွက်

ချီဖွေ   သြဂုတ် ၂၅

ကိုဗစ်-၁၉ ရာဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ထိရောက်မှုရှိစေရေး ချီဖွေမြို့နယ်အတွင်းရှိ စည်ပင်သာယာစျေးအတွင်း စျေးရောင်းချသူများနှင့် စျေးဝယ်သူများ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏ ညွှန်ကြားချက်များအား လိုက်နာမှုမရှိသူများကို မြို့နယ်စည်ပင်သာယာရေး အဖွဲ့ဝန်ထမ်းများက နေ့စဉ်လိုက်လံ စစ်ဆေး အရေးယူမှုများ ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

ကိုဗစ်-၁၉ရောဂါကို ပိုမိုသတိပြု ကာကွယ်ထိန်းချုပ်နိုင်ရေး ရည်ရွယ်ကာ စျေးအတွင်း စျေးရောင်း၊ စျေးဝယ်သူများသည် လက်ဆေးခြင်း၊ နှာခေါင်းစည်းများ တပ်ဆင်ပြီး စျေးအတွင်း ဝင်ရောက် စျေးဝယ်ကြရန်နှင့် စျေးရောင်းသူနှင့် ဝယ်သူများ နှာခေါင်းစည်းများ စနစ်တကျ တပ်ဆင်ကာ (၆)ပေအကွာမှ ရောင်းချဝယ်ယူကြရန် နာမကျန်းဖြစ်နေသူများ စျေးအတွင်းဝင်ရောက် ရောင်းချ ဝယ်ယူခွင့် မပြုလုပ်ကြရန် နှိုးဆော်လျက်ရှိပြီး စျေးရောင်းချသူများ နှာခေါင်းစည်း မတပ်ဆင်ပါက ဒဏ်ငွေတတ်ရိုက်ခြင်းအပြင် လိုအပ်ပါက စည်ပင်သာယာရေးဥပဒေဖြင့် အရေးယူလျက်ရှိကြောင်း သိရသည်။

ချီဖွေမြို့နယ် စည်ပင်သာယာရေးစျေးအတွင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော အမိန့်နှင့် လမ်းညွှန်ချက်များကို (Hand Spaker) ဖြင့် နေ့စဉ်လှည့်လည် ကြေညာပေးခြင်း၊ အိမ်အပြင်နှင့် လူထူထပ်သည့် နေရာများသို့ သွားရောက်ရာတွင် နှာခေါင်းစည်း Mask များ စနစ်တကျ တပ်ဆင်ပြီးမှသာ သွားလာစေရန်နှင့် လက်ကို စင်ကြယ်အောင် မကြာခဏ စနစ်တကျဆေးကြောရန် အသိပညာပေးခြင်းလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဇင်မာဝင်း(ပြန်/ဆက်)