ဝေးလံခေါင်ဖျားဒေသသတင်းများ

Oct 01,2020
၂၀၂၀ ပြည့်နှစ် အောက်တိုဘာလ ၁ ရက်နေ့တွင် ကျရောက်သည့် ၅၆ နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ချင်းပြည်နယ်၊ ဟားခါးခရိုင်၊ ထန်တလန်မြို့ အမှတ်(၁၀၂) ယာဥ်ထိန်းရဲတပ်ဖွဲ့စုရုံး(ထန်တလန်) မှ ယာဉ်ထိန်းရဲအုပ်(တာဝန်ခံ) စိုးဝင်းသန်း ဦးဆောင်သော တပ်ဖွဲ့ဝင်များသည် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်နှံ့မှုမရှိစေရေးအတွက် နှာခေါင်းစည်း(Mask)(၆၅၀)ခုအခမဲ့ဖြန့်ဝေပေးခြင်းကို ယနေ့နံနက် ၉ နာရီက ထန်တလန်မြို့ အမှတ်(၂) ရပ်ကွက်ရှိ မြို့နယ်စည်ပင်သာယာစျေးရှေ့၌ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
Oct 01,2020
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန လူမှုဝန်ထမ်းဦးစီးဌာနမှ ကိုဗစ်-၁၉ စီးပွားကုစားမှုအစီအစဉ်အရ ဟားခါးမြို့နယ်အတွင်းရှိ ဘိုးဘွားများအား ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယ‌နေ့ နံနက် ၉ နာရီအချိန်တွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ဦးနှင့် တာဝန်ရှိသူများက ဟားခါးမြို့ပေါ် ရပ်ကွက်များသို့ သွားရောက်၍ တစ်အိမ်တက်ဆင်း ဘိုးဘွားများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ် လျက်ရှိကြောင်း သိရသည်။
Oct 01,2020
ကချင်ပြည်နယ် ဗန်းမော်ခရိုင် မံစီမြို့နယ်အတွင်း ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲအတွက် အခြေခံ မဲဆန္ဒရှင်စာရင်းများကို ဒုတိယအကြိမ်အဖြစ် အောက်တိုဘာ ၁ ရက်နေ့က စတင်၍ ထုတ်ပြန်ကြေညာခဲ့သည်။
Oct 01,2020
ချင်းပြည်နယ် ဖလမ်းခရိုင် တီးတိန်မြို့နယ် ခိုင်ကမ်းမြို့ စည်ပင်သာယာရေးအဖွဲ့ရုံး၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် အတွင်းငွေလုံးငွေရင်း ရန်ပုံငွေဖြင့်ဆောင်ရွက်မည့် လုပ်ငန်းများအနက် ရန်ပုံငွေကျပ်(၁၀)သန်းမှ သန်း(၁၀၀)ကြားရှိ လုပ်ငန်းများကို ခိုင်ကမ်းမြို့ စည်ပင်သာယာရေး အဖွဲ့မှ ခိုင်ကမ်းမြို့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ရန်ပုံငွေ ကျပ် (၁၀)သန်းမှ သန်း(၁၀၀)လုပ်ငန်း (၃) မျိုးကို လုပ်ငန်းတင်ဒါခေါ်ယူလျက်ရှိကြောင်းသိရသည်။
Oct 01,2020
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၌၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကြီးအတွက် အောက်တိုဘာ ၁၉ နှင့် ၂၀ ရက်တို့တွင် ဖွင့်လှစ်မည့် မဲရုံဆိုင်ရာ ဆင့်ပွားသင်တန်းကို တက်ရောက်ရန် ဖားကန့်မြို့နယ်ပြင်ပမှ လာရောက်ကြမည့် ပညာရေးဝန်ထမ်း ဆရာ/ဆရာမများအနေဖြင့် မိမိတို့တာဝန်ကျရာကျောင်း၌ သင်တန်းမတက်ရောက်မီ Facility Quarantine (၁၄)ရက် နေကြရမည်ဖြစ်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
Oct 01,2020
ချင်းပြည်နယ်၊ တွန်းဇံမြို့နယ်အတွင်းရှိ ကျေးရွာများသို့ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေး အသံချဲ့စက်ဖြင့် လှည့်လည်နှိုးဆော်ပေးခြင်းကို ယမန်နေ့မွန်းလွဲ(၂)နာရီ အချိန်တွင် ပူးပေါင်းအဖွဲ့ဖြင့် ဆောင်ရွက်ခဲ့သည်။
Oct 01,2020
အိန္ဒိယနိုင်ငံမှ နေရပ်ပြန်လာသူ မြန်မာနိုင်ငံသား အမျိုးသမီးတစ်ဦးသည် ရိခေါ်ဒါရ်မြို့ရှိ မြန်မာ-အိန္ဒိယနှစ်နိုင်ငံနယ်စပ်မှတစ်ဆင့် စက်တင်ဘာ ၃၀ ရက်က ရိခေါ်ဒါရ်မြို့သို့ ရောက်ရှိလာပြီး အခြေခံပညာအထက်တန်းကျောင်းခွဲကျောင်းရှိ Facility Quarantine နေရာသို့ အသွားအလာ ကန့်သတ်စောင့်ကြည့်ရန် ထားရှိခဲ့ကြောင်း သိရသည်။
Oct 01,2020
ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့ စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွက် အရပ်ရပ်အခွင့်အရေးလုပ်ငန်းလိုင်စင် လေးမျိုးကို ချိတ်ပင်တင်ဒါစနစ်ဖြင့် ရောင်းချခဲ့ရာ အဆိုပါ လုပ်ငန်းလိုင်စင် လေးမျိုးအနက် တင်ဒါလေလံရောင်းချနိုင်ခြင်းမရှိသည့် သားသတ်လိုင်စင်အား စည်ပင်သာယာရေးအဖွဲ့မှ ဌာနလုပ်ငန်းအဖြစ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။