ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်သည် မြတ်မော်တင်စွန်းစေတီတော်ကုန်းမြေအောက်ခြေအား ပင်လယ်ရေလှိုင်းရိုက်ခတ်မှုမှကာကွယ်ရန် ဆောင်ရွက်ထားသည့် ကျောက်စီလှိုင်းကာအာကြည့်ရှုစစ်ဆေး
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် မြတ်မော်တင်စွန်းစေတီတော် ကုန်းမြေအောက်ခြေအား ပင်လယ်ရေလှိုင်းရိုက်ခတ်မှုမှကာကွယ်ရန် ဆောင်ရွက်ထားသည့် ကျောက်စီလှိုင်းကာအား ယခုလ (၁၅) ရက်နေ့ မွန်းလွဲပိုင်းက သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ရာ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးက ကျောက်စီလှိုင်းကာ အလျား ၄၅၇ ပေ ဆောင်ရွက်ထားရှိမှုအခြေအနေနှင့် ရေဆင်းမြောင်းများ ဆောင်ရွက်သင့်သည့်အခြေအနေများအား ရှင်းလင်းတင်ပြရာ ဝန်ကြီးချုပ်က စေတီတော်ကြီးတည်ထားရာကုန်းမြေအား ပင်လယ်ရေလှိုင်းရိုက်ခတ်မှုမှကာကွယ်ရန် လိုအပ်သည့်နေရာများတွင် ဆက်လက်ဆောင်ရွက်ရန် မှာကြားသည်။