ဝိုင်းမော် ဇန်နဝါရီ ၄
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ်၌ ဇန်နဝါရီလ ၁၁ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၂)အတွက် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းအား ယမန်နေ့နံနက် ၉ နာရီချိန်က အမှတ် (၁) ရပ်ကွက် မြို့မဈေးနှင့် မိုင်းနားကျေးရွာ ရှိဗလမင်းထင် မြို့အ၀င်အထွက်ဂိတ်များတွင် ဆောင်ရွက်ခဲ့သည်။
အဆိုပါ လက်ကမ်းစာစောင်တွင် ဒို့အတူမဲပေးကြမည်၊ ရွေးကောက်ပွဲမှသည် ပိုမိုကောင်းမွန်သော အနာဂတ်ဆီသို့၊ ဒီမိုကရေစီကို ပြန်လည်ဖော်ဆောင်ဖို့အတွက် ရွေးကောက်ပွဲမှလွဲ၍ အခြားနည်းမရှိပါ စသည့်အကြောင်းအရာများပါ၀င်ပြီး ဝိုင်းမော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခိုင်သက်မွန်နှင့် ရပ်ကွက်ကျေးရွာများ တာ၀န်ရှိသူများက လက်ကမ်းစာစောင် ၃၀၀ စောင်ကို မဲဆန္ဒရှင် ပြည်သူများထံသို့လိုက်လံဝေငှခဲ့သည်။
အလားတူ ဝိုင်းမော်မြို့နယ်ရှိ ရပ်ကွက်ကျေးရွာများတွင် ရွေးကောက်ပွဲတွင် မဲဆန္ဒရှင် ပြည်သူများမဲပေးနိုင်ရန်အတွက် ဒို့အတူတူမဲပေးကြမယ်၊ ဒို့အတူမဲပေးကြမည်နှင့် မဲပေးကြမယ် သီချင်းများဖြင့် လိုက်လံဆော်ဩခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်းများအား ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ဝိုင်းမော်(ပြန်/ဆက်)