ဦးစီးဌာန(တိုင်းဒေသကြီး)လှုပ်ရှားမှုများ

တံတားမြို့ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ တိုင်းရင်းဆေးဝါးဆိုင်ရာ အသိပညာပေး Talk Show ပြုလုပ်

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ တံတားမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ တိုင်းရင်းဆေးဝါးဆိုင်ရာ အသိပညာပေး Talk Show ကို ယနေ့နံနက် (၁၀)နာရီအချိန်က ပြုလုပ်ဆောင်ရွက်ခဲ့သည်။

မြစ်သားမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် မုန်တိုင်းဘေးဆိုင်ရာ အသိပညာပေး (Talk Show) ပြုလုပ်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ၊ မြစ်သားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ လူထုအခြေပြုဗဟိုဌာန၌ ယမန်နေ့ မွန်းလွှဲ (၃) နာရီက မုန်တိုင်းဘေးဆိုင်ရာ အသိပညာပေး (Talk Show) ပြုလုပ်ခဲ့ကြောင်း သိရသည်။

ကြည့်မြင်တိုင်မြို့နယ်၊ လူထုအခြေပြုဗဟိုဌာန (Community Centre)၌ သဘာဝ​ဘေးအန္တရာယ် ကြိုတင်ကာကွယ်​ရေးအသိပညာ​ပေး​​​ Talk Show ကျင်းပ

 ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကြည့်မြင်တိုင်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)၌ သဘာဝ​ဘေးအန္တရာယ် ကြိုတင်ကာကွယ်​ရေးအသိပညာ​ပေး Talk Show ကို ယမန်နေ့ နေ့လယ် ၁ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

ပြင်ဦးလွင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် အင်္ဂလိပ်စာစွမ်းရည် ပြိုင်ပွဲနှင့် နွေရာသီအင်္ဂလိပ်စာသင်တန်း ဆင်းပွဲအခမ်းအနားကျင်းပ

ကျောင်းသားလူငယ်များ နွေရာသီကျောင်းပိတ်ရက်အတွင်း အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် အင်္ဂလိပ်စာ ဘာသာစကားကို နားလည်တတ်မြောက်စေရန် ရည်ရွယ်၍ ဖွင့်လှစ်သင်ကြားခဲ့သော နွေရာသီအင်္ဂလိပ်စာသင်တန်းဆင်းပွဲနှင့် အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲ (၁) နာရီက မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

တိုက်ကြီးမြို့နယ်တွင် သဘာဝဘေးအန္တရာယ် အကြောင်းသိကောင်းစရာ Talk Show ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် သဘာဝဘေးအန္တရာယ်များအကြောင်း သိကောင်းစရာ Talk Show ကို ယမန်နေ့ နံနက် ၁၀ နာရီက ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကလိန်အောင်မြို့ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ကလေအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲပြုလုပ်

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး‌ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့ မွန်းလွဲ(၁)နာရီက ကျင်းပပြုလုပ်ခဲ့သည်။

ကလေးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် မီးခိုးမြူငွေ့ဆိုင်ရာအကြောင်း သိကောင်းစရာများ Talk Show ကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကလေးခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် မီးခိုးမြူငွေ့ဆိုင်ရာအကြောင်း သိကောင်းစရာများ Talk Show ကို ယနေ့နံနက်ပိုင်းက လူထုအခြေပြုဗဟိုဌာန,(Community center) ၌ ကျင်းပခဲ့သည်။

ပန်းဘဲတန်းမြို့နယ်ရုံးတွင် သဘာဝဘေးအန္တရာယ်အကြောင်း အသိပညာပေး Talk Show ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ပန်းဘဲတန်းမြို့နယ်ရုံး၌ ယနေ့နံနက် (၁၁) နာရီအချိန်က သဘာဝဘေးအန္တရာယ်များကို ကြိုတင်သိရှိပြီး လိုက်နာဆောင်ရွက်နိုင်​စေရန်ရည်ရွယ်၍ သဘာဝဘေးအန္တရာယ်အကြောင်းခေါင်းစဉ်ဖြင့် အသိပညာပေး Talk Show ကျင်းပခဲ့သည်။

ကျောက်တံတားမြို့နယ် ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာနခန်းမ၌ မူးယစ်အသိပညာ‌​ပေးနံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲကျင်းပ

ရန်ကုန်တိုင်း​ဒေသကြီး၊ ကျောက်တံတားခရိုင်၊ ကျောက်တံတားမြို့နယ် လူထုအ‌‌ခြေပြုဗဟိုဌာနခန်းမတွင် ယနေ့နံနက်ပိုင်းအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဌာနနှင့် Women Club၊ Youth Club Book Club အသင်းနှင့်ဌာနဆိုင်ရာများပူးပေါင်း၍ ဆေးလိပ်၊ဆေးရွက်ကြီးနှင့် ၊ကွမ်းစားခြင်း၏ ဆိုးကျိုးများ မူးယစ်အသိပညာ​ပေး နံရံကပ်စာ​စောင်ပြပွဲနှင့် စာအုပ်ပြပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မြစ်သားမြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင်အမျိုးသမီးများအပေါ်အကြမ်းဖက်မှု ပပျောက်ရေးအသိပညာပေးဆွေးနွေးပွဲ (Talk Show) ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့တို့ ပူးပေါင်း၍ အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်‌ရေး အသိပညာပေးဆွေးနွေးပွဲ (Talk Show)ကို ယနေ့နံနက်(၁၁)နာရီက လူထုအခြေပြုဗဟိုဌာန (Community  Centre) ခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။
Subscribe to ဦးစီးဌာန(တိုင်းဒေသကြီး)လှုပ်ရှားမှုများ