ကလေး မေ ၁၁
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကလေးခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် မီးခိုးမြူငွေ့ဆိုင်ရာအကြောင်း သိကောင်းစရာများ Talk Show ကို ယနေ့နံနက်ပိုင်းက လူထုအခြေပြုဗဟိုဌာန,(Community center) ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ကလေးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒေါ်ဝေမာချို (ဓာတ်ပုံကျွမ်းကျင်-၂) က Talk Show ကျင်းပရခြင်းနှင့်ပတ်သက်၍ ဦးစွာ ဆွေးနွေးပြောကြားခဲ့ပြီးကလေးခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်သီရိဇင်က မီးခိုးမြူငွေ့ဆိုင်ရာအကြောင်း သိကောင်းစရာများနှင့်ပတ်သက်၍ မီးခိုးမြူငွေ့ဖြစ်ပေါ်လာပုံများ၊ မီးခိုးမြူငွေ့တွင်ပါဝင်သော လေထုညစ်ညမ်းစေသည့်အချက်များ၊ မီးခိုးမြူငွေ့ကြောင့်ဖြစ်ပေါ်လာနိုင်သည့် ကျန်းမာရေးဆိုးကျိုးများနှင့် မီးခိုးမြူငွေ့လျော့ချနိုင်မည့် နည်းလမ်းများစသည့် အကြောင်းအရာများကို ဆွေးနွေးခဲ့သည်။
ကလေးခရိုင်လူထုအခြေပြုဗဟိုဌာနတွင် ပြည်သူများအသိဉာဏ်ပညာ ဗဟုသုတများ တိုးပွားနိုင်စေရန်အတွက် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လုပ်ငန်းရှင်များ၊ စာပေမြတ်သူနိုးသူများဖြင့် Online Talk Showများ၊ စာဖတ်ဝိုင်း၊ အသိပညာပေး ဆွေးနွေးများနှင့် သင်တန်းများကို အပတ်စဉ် ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)